နန်းယွန်းမြို့ အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းတွင် အသုံးပြုနိုင်ရန်အတွက် ဓာတ်ဆီ(၆)ဂါလံထောက်ပံ့လှူဒါန်း

နန်းယွန်း ဩဂုတ် ၇

စစ်ကိုင်းတိုင်းဒေသကြီး၊နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊နန်းယွန်းမြို့နယ်၊ မြို့အဆင့်ကိုဗစ်-၁၉ရောဂါ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ မြို့ပေါ်(၃)ရပ်ကွက်အတွင်းကိုဗစ်ရောဂါကာကွယ်၊ တားဆီးရေးအသိပေးလုပ်ငန်းများကို မြို့နယ်နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှု ကော်မတီဝင်များနေ့စဉ် အရှိန်အဟုန်မြှင့်နှိုးဆော်ဆောင်ရွက်လျက်ရှိရာ ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်၊ထိန်းချုပ်ရေးအသိပေးလုပ်ငန်း လည်ပတ်နိုင်ရေးအတွက် ဓာတ်ဆီ (၆)ဂါလံကို ယနေ့ နံနက်ပိုင်းက မြို့မရပ်ကွက်၊ရိုးရာဥက္ကဋ္ဌ ဦးနောက်ယဉ်းထံ ထောက်ပံလှူဒါန်းပေးခဲ့သည်။

ထိုသို့လှူဒါန်းရာတွင် ယိုဝရပ်ကွက်နေ ဦးလင်ထုန်း(ရှိန်းဆိုင်ကယ်ဝပ်ရှော့) မိသားစုမဓာတ်ဆီ(၆)ဂါလံအား ထောက်ပံလှူဒါန်းပေးခဲ့ကြောင်း မြို့မရပ်ကွက်၊ ရိုးရာကော်မတီဥက္ကဋ္ဌ ဦးနောက်ယဉ်းပြောပြချက်အရသိရသည်။

ဟန်ကမ်း(နန်းယွန်း)