သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး၀န်ကြီးချုပ် ဦးမြတ်ကျော် ရေဦးမြို့ ကိုဗစ်ကာကွယ်ဆေးထိုး နေမှုကြည့် ရှုအားပေးကျန်းမာရေးသုံးပစ္စည်း၊ ဟင်းသီးဟင်းရွက်မျိုးစေ့၊ အောက်ဆီဂျင်အိုးနှင့် ထောက်ပံ့ ငွေများပေးအပ် မြို့နယ်ဌာနဆိုင်ရာများနှင့်တွေ့ဆုံ
Aug 07,2021
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးမြတ်ကျော်နှင့်အတူ တိုင်း ဒေသကြီးအဆင့် တာ၀န်ရှိသူများလိုက်ပါလျက် ယနေ့ နံနက် ၁၀ နာရီက ရေဦးမျိုးသန့်ခြံ သို့ရောက်ရှိလာရာ ရေဦးမျိုးသန့်ခြံတာ၀န်ခံ ဦးတင်မောင်၀င်းက စပါးအခြောက်ခံစက်ရုံ တည် ဆောက်ထားရှိမှုနှင့် မျိုးသန့်ထုတ်လုပ်ရေးမိုးစပါးစိုက်ပျိုးထားရှိမှုအခြေများကို တင်ပြခဲ့သည်။
ပခုက္ကူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဧရာဝတီတံတား(ပခုက္ကူ) စစ်ဆေးရေး ဂိတ်တွင်ပိတ်ရက်မရှိ ကြပ်မတ်စစ်ဆေး
Aug 07,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဧရာဝတီတံတား (ပခုက္ကူ) စစ်ဆေးရေးဂိတ်ဖွင်လှစ်ပြီး တာဝန်ရှိသူများနှင့်စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ဩဂုတ်လ ၁ရက်နေ့မှစတင်၍ ပိတ်ရက်မရှိ ကြပ်မတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး၊အရေးပေါ်တုံ့ပြန်ရေးနှင့် သဘာဝဘေး အန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းညှိနှိုင်းစည်းဝေး ကျင်းပ
Aug 07,2021
ရခိုင်ပြည်နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး၊ အရေးပေါ်တုံ့ပြန်ရေးနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းညှိနှိုင်းစည်းဝေးကို ယနေ့နံနက် ၉ နာရီက  ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ကျင်းပသည်။
ဇလွန်မြို့နယ်တွင် အောက်ဆီဂျင်လိုအပ်နေသောလူနာများအား အောက်ဆီဂျင်အခမဲ့ဖြန့်ဝေပေး နိုင်တော့မည်
Aug 07,2021
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း အောက်ဆီဂျင်လိုအပ်နေသောလူနာများအား အောက်ဆီဂျင် အခမဲ့ဖြန့်ဝေပေးနိုင်ရန် အလှူရှင်များစုပေါင်းမတည်လှူဒါန်းသော အောက်စီဂျင်ဖြည့်တင်းစက်သည် ယနေ့ နံနက်ပိုင်းတွင် အောက်ဆီဂျင်စက်ထားရှိမည့် နေရာသို့ရောက်ရှိခဲ့ပြီး အောက်ဆီဂျင်စက် နေရာချထားမှုအား တပ်မတော်သားများ ၊ ရဲတပ်ဖွဲ့ဝင်များ ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်ပရဟိတအဖွဲ့များက ကူညီဆောင်ရွက် ပေးခဲ့ကြသည်။
ကျောက်မဲမြို့နယ်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်း၍ အခက်အခဲမရှိစေရန် ဆောင်ရွက်ပေးလျက်ရှိ
Aug 07,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါနှင့် စပ်လျဉ်း၍ အခက်အခဲမရှိစေရန် တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှု လျှော့ချနိုင်ရေးအတွက် ပြည်သူများလိုက်နာရမည့် ညွှန်ကြားချက်များအား လှည့်လည်​နှိုးဆော်ခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်‌ ဆောင်ရွက်
Aug 07,2021
မွန်ပြည်နယ် ရေးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုများ မြင့်တက်နေသည့်အတွက် ရောဂါကူးစက်မှုနှုန်းလျော့ကျနိုင်ရေး ပြည်သူများ လိုက်နာ‌ရမည့် ညွှန်ကြားချက်များကို သိရှိအောင် မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများတွင် လှည့်လည်​နှိုးဆော်သည့် လုပ်ငန်းများကို ယနေ့နံနက်ပိုင်းတွင် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကော့ကရိတ်မြို့နယ်ရှိ စုရပ်(၅)နေရာ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အလုံးရေ(၂၆၅၀)ကို အသုံးပြုပြီး ဆေးမထိုးရသေးသည့် လူဦးရေ (၅၃၀၀)ဦးအား ထိုးနှံပြီးစီး
Aug 07,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ဆေးထိုးစုရပ် (၅)နေရာ၌ ဇူလိုင် ၃၁ ရက်နေ့မှစ၍ ယမန်နေ့အထိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အလုံးရေ (၂၆၅၀)ကို အသုံးပြုပြီး ကော့ကရိတ် မြို့နယ်အတွင်း ဆေးမထိုးရသေးသည့် ဆရာတော်၊ သံဃာတော်များ၊ ဘာသာရေး ကျောင်းများ၊ အသက်(၆၅)နှစ် အထက် အသက်အရွယ်ကြီးရင့်သူများ၊ ပရဟိတအဖွဲ့များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများ၊ စက်ရုံ၊ အလုပ်ရုံ ဝန်ထမ်းများနှင့် ပို့ဆောင်ရေးလုပ်ငန်းများ၊ ပြည်သူများ စုစုပေါင်း (၅၃၀၀)ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေး အမှတ်စဉ် (၃၃/၂၀၂၁) ကျင်းပခြင်းနှင့် ကော်မတီထံသို့ အလှူငွေနှင့် ကုသရေးပစ္စည်းများ ပေးအပ် လှူဒါန်းခြင်း
Aug 07,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ၂၀၂၁ ခုနှစ်၊ ယနေ့ ၊ နံနက် (၉)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအစည်းအဝေးအမှတ်စဉ်(၃၃/၂၀၂၁) ကျင်းပပြုလုပ်ခဲ့သည်။ အခမ်း အနားသို့ ဧရာဝတီတိုင်းဒေသ ကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ် စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေ သကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ အနောက် တောင်တိုင်း စစ်ဌာနချုပ်မှ စစ်ဦးစီး ဗိုလ်မှူးကြီးအောင်ဆန်းလွင်၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှူး ဒေါက်တာ ဇော်မင်းထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။