ရေကြည် သြဂုတ် ၇
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်၏လမ်းညွှန်မှာကြားချက်များအရမြို့နယ်အတွင်းရှိ ဆေးဆိုင်များ နေ့စဉ် ဖွင့်လှစ်မှုရှိ/မရှိ၊ ကိုဗစ်ရောဂါနှင့်ပတ်သက်သည့် အခြေခံဆေးဝါးများ လုံလောက်မှု ရှိ/မရှိ၊ သောက်သုံးရန်မသင့်သည့် ဆေးဝါးများ ရောင်းချခြင်းရှိမရှိ နှင့် တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသည့်ဆေးဝါးများရောင်းချခြင်းရှိမရှိ စစ်ဆေးခြင်း ကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဗိုလ်မှူးမျိုးမြင့်အောင် ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ကံညွှန့် ၊မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မေသူကျော် ၊ မြို့နယ်စည်ပင်အမှုဆောင် အရာရှိနှင့်အဖွဲ့ဝင်များပူးပေါင်း၍ မြို့မစျေးအတွင်းရှိဆေးဆိုင်များအားလိုက်လံစစ်ဆေးခဲ့ကြောင်းသိရသည်။
ဆက်လက်၍ အဆိုပါ ပူးပေါင်းအဖွဲ့သည် မြို့တွင်းရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်း ချက်များနှင့်အညီ ဖွင့်လှစ် ရောင်းချရေး လိုက်လံစစ်ဆေး ဆောင်ရွက်ခဲ့ပြီး မြို့အဝင်ဆိုင်းဘုတ်များသန့်ရှင်းသာယာလှပစေရေးအတွက် လည်းမြို့အဝင်ဆိုင်းဘုတ်အား (LED)ဆိုင်းဘုတ်လုပ်နိုင်ရေးကိုလည်း ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်သူဟန် (ပြန်/ဆက်)