သတင်းများ

ကျောက်ပန်းတောင်းမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို ဒုတိယနေ့အဖြစ် သက်ကြီး ဘိုးဘွားများ၊ သံဃာတော်များနှင့် နိုင်ငံ့ဝန်ထမ်းများအား ဆက်လက်ထိုးနှံပေး
Aug 08,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဒုတိယအကြိမ်ကိုဗစ်-၁၉ကာကွယ်ဆေး(Sinopharm) ထိုးနှံခြင်း ကို၊ ဒုတိယနေ့အဖြစ် ယမန်နေ့ နံနက်(၈)နာရီမှ စတင်၍ သက်ကြီးဘိုးဘွားများ၊ သံဃာတော်များ၊ သာသနာ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများကို ဆက်လက်ထိုးနှံပေးခဲ့ကြောင်သိရသည်။
မိုင်းဖြတ်မြို့နယ်၌ ကိုဗစ်-၁၉ကာကွယ်ဆေး(Sinopharm)(ပထမ)အကြိမ် ဒုတိယအသုတ်ထိုးနှံပေး
Aug 08,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အတွင်းရှိ အသက်(၆၅) နှစ်အထက်ပြည်သူများ၊ သံဃာတော်များ၊ ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း များနှင့် ဦးစားပေးအစီအစဉ်တွင် ပါဝင်သူများကို ကိုဗစ်-၁၉ကာကွယ်ဆေး (Sinopharm) (ပထမအ)အကြိမ် ဒုတိယအသုတ်ထိုးနှံပေးခြင်းကို သြဂုတ်လ ယမန်နေ့ နံနက်၈နာရီ အချိန်ခန့်မှ စ၍ စုရပ်သုံးနေရာတို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာ ကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးနေကြောင်း သိရသည်။
ငါ့သရောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ လာရောက်ထိုးနှံသူများပြား
Aug 08,2021
မန္တလေးတိုင်းဒေသကြီး ငါ့သရောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုး အား ငါ့သရောက်မြို့၊ ပြည်သူ့ တိုက်နယ်ဆေးရုံတွင် ယမန်နေ့နံနက် ပိုင်းအချိန်ကစတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာလာ ရောက်ထိုးနှံသူများပြားလျှက်ရှိကြောင်း ငါ့သရောက်မြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးခင်မောင် ဝင်းထံကသိရသည်။
တံတားမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၇၃၆)ဦးထိုးနှံပြီးဖြစ် ဆက်လက် ထိုးနှံပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ
Aug 08,2021
ရန်ကုန်တိုင်းဒေသကြီး၊ တံတားမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ပြည်သူ့ဆေးရုံတွင် ယခုလ ၇ ရက်နေ့ နံနက် ၁၁နာရီ အချိန်ခန့်က မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများရှိ (၆၅)နှစ်အထက် သက်ကြီးရွယ်အိုများ၊ ဆရာတော် သံဃာတော်များ၊ ဒေသခံများနှင့် ဝန်ထမ်းမိသားစုများ စုစုပေါင်း(၁၇၄)ဦးကို (၇)ရက်မြောက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား ကျန်းမားရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုများနှင့်အညီ ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်၊ နောင်ရှဲန်ကျေးရွာရှိ အသွားအလာကန့်သတ်ထားသည့် အိမ်ထောင်စု ၁၂၀ အတွက် စားသောက်ကုန်များထောက်ပံ့
Aug 08,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ကတ်ထိုက်ကျေးရွာအုပ်စု၊ နောင်ရှဲန်ကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူနှင့်ထိတွေ့ဆက်စပ်ခဲ့၍ အသွားအလာကန့်သတ်ထားသည့် အိမ်ထောင်စု ၁၂၀ အတွက် စားသောက်ကုန်များကို ဩဂုတ် ၆ ရက် က ကျိုင်းတုံခရိုင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်း ကော်မတီဝင်များ သွားရောက် ထောက်ပံ့​ပေးခဲ့သည်။
ရန်ကင်းမြို့နယ်တွင်အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ
Aug 08,2021
ရန်ကုန်အရှေ့ပိုင်းခရိုင် ရန်ကင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင် ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉နာရီမှစတင်ကာ အသက်(၆၅)နှစ်အထက် အဘိုးအဘွားများအား ရန်ကင်းမိုးကောင်းဘုရား စေတီဝင်းအတွင်းရှိ အရိယာဓမ္မာရုံ၌ ကာကွယ်ဆေးကို ဆက်လက်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ရန်ကင်းမြို့နယ်တွင်အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ
Aug 08,2021
ရန်ကုန်အရှေ့ပိုင်းခရိုင် ရန်ကင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင် ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉နာရီမှစတင်ကာ အသက်(၆၅)နှစ်အထက် အဘိုးအဘွားများအား ရန်ကင်းမိုးကောင်းဘုရား စေတီဝင်းအတွင်းရှိ အရိယာဓမ္မာရုံ၌ ကာကွယ်ဆေးကို ဆက်လက်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
“မုံးကိုးမြို့၌ အသက်(၆၅)နှစ်အထက် အဘိုးအဖွားများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေး”
Aug 08,2021
ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား အသက်(၆၅) နှစ်အထက်ရှိ အဘိုးအဖွားများကို ယမန်နေ့ နေ့လည်၁၂:၀၀နာရီအချိန်က အခမဲ့ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။