ငါ့သရောက် ဩဂုတ် ၈
မန္တလေးတိုင်းဒေသကြီး ငါ့သရောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုး အား ငါ့သရောက်မြို့၊ ပြည်သူ့ တိုက်နယ်ဆေးရုံတွင် ယမန်နေ့နံနက် ပိုင်းအချိန်ကစတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာလာ ရောက်ထိုးနှံသူများပြားလျှက်ရှိကြောင်း ငါ့သရောက်မြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးခင်မောင် ဝင်းထံကသိရသည်။
ငါ့သရောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား အသက် ၆၅နှစ်အထက် အဘိုးအဘွားများ အားစတင်ထိုးနှံပေးလျှက်ရှိရာ ဩဂုတ် ၇ရက်နေ့တွင်ပင်လာရောက်ထိုး နှံကြသည့် အသက် ၆၅နှစ် အဘိုးအဘွား ၂၂၀ဦးထိရှိခဲ့ကြောင်း ငါ့သရောက်မြို့၊ မြို့အုပ် ချုပ်ရေးမှူး ဦးခင်မောင်ဝင်းက ပြောကြားသည်။ ငါ့သရောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကိုအသက်၆၅နှစ်အထက် ဘိုးဘွားများ၊ နိုင်ငံ့ဝန်ထမ်း များ၊ နိုင်ငံ့ဝန်ထမ်းမိသားစုများအား ငါ့သရောက်မြို့၊ တိုက်နယ်ပြည်သူ့ဆေးရုံ တွင် တာဝန်ရှိသူများက ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinopharm ထိုးနှံပေးလျှက်ရှိကြောင်းသိရသည်။ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးခြင်းမပြုမီ တာဝန်ရှိသူများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာ ပေးခြင်း၊ သွေးအတွင်း အောက်စီဂျင်ပါဝင်မှုပမာဏတိုင်းတာပေးခြင်းများဆောင်ရွက်ကာ ပုံမှန်အ နေအထားရှိမှသာ ကာကွယ် ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးရောတွင် စနစ်တကျရှိ စေရေး၊ ညောင်ဦးမြို့နယ်၊မြို့နယ်စီမံအုပ်ချုပ်ရေးအ ဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် တာဝန်ရှိသူများက အနီးကပ်ကြီး ကြပ်လျက်ရှိကာ၊ငါ့သရောက်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းနှင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဘော်လန် တီယာများ၊ အရန်မီးသတ်တပ်ဖွဲ့များ၊ လူမှုအကျိုးပြုသင်းများနှင့်ပေါင်းစပ်ဆောင်ရွက်လျှက်ရှိကြောင်း ဩဂုတ် ၈ရက်နေ့ တွင်လည်း အသက် ၆၅နှစ်အထက် ဘိုးဘွားများအားဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုထိန်၊KPD