သတင်းများ

ဝက်လက်မြို့တွင် ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း ဒုတိယနေ့ အဖြစ် ဆက်လက် ထိုးနှံပေး
Aug 08,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင်၊ ယခုလတ်တလော ဖြစ်ပွားနေသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို သြဂုတ်လ ၇ ရက်နေ့ စတင်၍ ထိုးနှံရာ အသက် ၆၅ နှစ် နှင့် အထက် သက်ကြီးဘိုးဘွားများ ၊ ရဟန်းသံဃာများ ၊ ဝန်ထမ်းများ ၊ စျေးရောင်းချ သူများ ကို အားကစားနှင့် ကျန်းမာရေး ဝန်ကြီးဌာန ၏ လမ်းညွှန်ချက်နှင့် အညီ စုရပ် ၃ ခုတွင် နံနက် ၈ နာရီမှ ညနေ ၃ နာရီ အထိ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွက် လိုအပ်သောအောက်ဆီဂျင်ဘူးများ ရောက်ရှိဖြန့်ဖြူးမှု ကြည့်ရှု စစ်ဆေး
Aug 08,2021
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယနေ့နံနက်ပိုင်း က ပဲခူးတိုင်း ဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါလူနာများအသုံးပြုရန်အတွက် ပဲခူးဆေးရုံကြီး အောက်ဆီဂျင်ဖြန့်ဖြူးရေးဌာနသို့ အောက်ဆီဂျင်၄၀ လီတာဝင်အိုး အလုံးပေါင်း(၂၅၀)လုံး ရောက်ရှိဖြန့်ဖြူးမှုအခြေအနေကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
လယ်ဝေးမြို့နယ်တွင် ဦးစားပေးအုပ်စုများအား ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Aug 08,2021
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်တွင် ဩဂုတ်လ ၁ ရက်နေ့ နံနက်မှစ၍ အမှတ် ၁ အခြေခံပညာအထက်တန်း​​​ကျောင်းတွင် ကျန်းမာရေးဦးစီးဌာနနှင့် တပ်မတော်ဆေးရုံမှ ဆရာဝန်သူနာပြုများ ပူးပေါင်း အဖွဲ့ ၃ ဖွဲ့ဖြင့် ကိုဗစ်−၁၉ရောဂါကာကွယ်ဆေးအား ဦးစားပေးအုပ်စုများအလိုက် ထိုးနှံပေးလျက်ရှိသည်။
ပုလဲမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)များ ထပ်မံထိုးနှံပေး
Aug 08,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပုလဲ ရတနာခန်းမနှင့် အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်၉နာရီက အသက်(၆၅)နှစ်နှင့် အထက်သက်ကြီး ဘိုးဘွားများအပါအဝင်ဦးတည်အုပ်စုများအလိုက် သတ်မှတ်ထားရှိသူများအား မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ထပ်မံ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 08,2021
ရှမ်းပြည်နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ(၅)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံသို့ BJV ကုမ္ပဏီမှ (၅၁)သိန်းကျော်တန်ဖိုးရှိ အောက်စီ ဂျင်စက် (၃)လုံး ပေးအပ်လှူဒါန်း
Aug 08,2021
ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသခြင်းလုပ်ငန်းများတွင် အသုံးပြုရန်အတွက် နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံသို့ Bawdwin Joint Venture ကုမ္ပဏီမှ (၅၁)သိန်း ကျော်တန်ဖိုးရှိ အောက်စီဂျင်စက် (၃)လုံး ပေးအပ်လှူဒါန်းခြင်းကို ဩဂုတ်လ(၇)ရက် နေ့လည် (၁)နာရီအချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့ နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့ပါသည်။
ထန်းတပင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးရရှိမှုအပေါ် မူတည်ကာ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကိုဆက်လက်ဆောင်ရွက်သွားမည်
Aug 08,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးမထိုးနှံရသေးသူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို သြဂုတ်လ (၁)ရက်နေ့မှ သြဂုတ်လ(၇)ရက်နေ့အထိ စုရပ်နေရာ(၈)ခုတို့တွင် ကာကွယ်ဆေးကိုထိုးနှံပေးလျက်ရှိရာမှာ စုရပ် နေရာ(၈)ခုတို့တွင် ကာကွယ်ဆေးထိုးနှံသူ (၃၁၈၈)ဦးရှိကြောင်းသိရပြီး ဆေးထိုးနှံရေးလုပ်ငန်းစဉ်များကို လည်း ကာကွယ်ဆေးထပ်မံရရှိမှုအပေါ်မူတည်၍ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။