မိုင်းဖြတ်မြို့နယ်၌ ကိုဗစ်-၁၉ကာကွယ်ဆေး(Sinopharm)(ပထမ)အကြိမ် ဒုတိယအသုတ်ထိုးနှံပေး

မိုင်းဖြတ် ၊ သြဂုတ် ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အတွင်းရှိ  အသက်(၆၅) နှစ်အထက်ပြည်သူများ၊  သံဃာတော်များ၊ ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း များနှင့် ဦးစားပေးအစီအစဉ်တွင် ပါဝင်သူများကို ကိုဗစ်-၁၉ကာကွယ်ဆေး (Sinopharm) (ပထမအ)အကြိမ် ဒုတိယအသုတ်ထိုးနှံပေးခြင်းကို သြဂုတ်လ ယမန်နေ့ နံနက်၈နာရီ အချိန်ခန့်မှ စ၍  စုရပ်သုံးနေရာတို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန် ချက်များနှင့်အညီ ထိုးနှံပေးနေကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ကာကွယ်ဆေး (Sinopharm)ထိုးနှံပေးရာတွင်  မြို့နယ်ကိုဗစ်-၁၉  ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကာကွယ်ဆေးလာ ရောက်ထိုးနှံသူများကို ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ  ကိုယ်ပူချိန် များတိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းနှင့် ကာကွယ်ဆေးထိုးမှတ်တမ်း ရေးသွင်း ခြင်းများ ဆောင်ရွက်ပြီး ကျန်းမာရေးဝန်ထမ်းများက အသက်(၆၅)နှစ်အထက် ပြည်သူ များ၊ သံဃာတော်များ၊ စေတနာ့ဝန်ထမ်းများ (ပရဟိတအဖွဲ့ဝင်)၊  ဦးစားပေး အစီစဉ်တွင် ပါဝင်သူများကို(အခမဲ့)ထိုးနှံပေးခဲ့သည်။ အဆိုပါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများ တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ ဝင်များ၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများက  ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြသည်။

မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေး(Sinopharm) (ပထမ)အကြိမ်ဒုတိယ အသုတ် ထိုးနှံပေးရာတွင် ကာကွယ်ဆေးအလုံးရေ (၂၅၄)လုံးရရှိထားပြီး ဆေးတစ်လုံး လျှင် နှစ်ဦးနှုန်းဖြင့် (၅၀၈)ဦးကို ဆေးထိုးစုရပ်နေရာများဖြစ်သည့်    အထက(မိုင်းဖြတ်)၊ ပါဆန်းကျေးလက် ကျန်းမာရေးဌာန၊ ဆိုက်ခေါင်ကျန်းမာရေးဌာနခွဲတို့၌ ထိုးနှံပေးခဲ့ ကြောင်း သိရသည်။

သန်းထွန်းအေး