ကျောက်ပန်းတောင်း ဩဂုတ် ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဒုတိယအကြိမ်ကိုဗစ်-၁၉ကာကွယ်ဆေး(Sinopharm) ထိုးနှံခြင်း ကို၊ ဒုတိယနေ့အဖြစ် ယမန်နေ့ နံနက်(၈)နာရီမှ စတင်၍ သက်ကြီးဘိုးဘွားများ၊ သံဃာတော်များ၊ သာသနာ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများကို ဆက်လက်ထိုးနှံပေးခဲ့ကြောင်သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို၊ ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့် အညီဖြစ်စေရန် အတွက် ဆေးထိုးစုရပ်နှစ်ခုဖြစ်သော ၊ မြို့နယ်လုံးဆိုင်ရာသာသနာ့ ဗိမ္မာန်နှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတို့တွင် စုရပ်ထားရှိပြီး၊ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုး ဘွားများ၊ သံဃာတော်များ၊ သာသာနာ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများ၊ Volunteer များကို ထိုးနှံပေးခဲ့ရာ၊ စုစုပေါင်းလူဦး ရေ(၆၅၄)ဦးထိုးနှံပေးခဲ့ကြောင်းသိရပြီး၊ အဆိုပါ ဆေးထိုးစုရပ်များတွင် တာဝန်ထမ်းဆောင်နေကြသည့် ကျန်းမာရေးဝန်ထမ်း များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များလာရောက်ကြည့်ရှုအားပေးပြီး၊ လိုအပ်သည်များ ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
နေအောင်