သတင်းများ

မချမ်းဘော့မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ဆက်လက်ထိုးနှံပေး
Aug 09,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)ကို မချမ်းဘော့မြို့နယ်၊ ထရန်ဒမ်းအထကကျောင်းတွင် ယမနေ့(၉)နာရီမှ စတင်၍ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
တာချီလိတ်မြို့နယ်အတွင်းရှိ အများပြည်သူများ ကိုဗစ်-၁၉ရောဂါ စစ်ဆေးမှုခံယူနိုင်ကြောင်း အသိပေးကြေညာ
Aug 09,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ကိုဗစ်-၁၉ကူးစက်မြန်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အများပြည်သူများအား ကိုဗစ်-၁၉ရောဂါ စစ်ဆေးမှုခံယူနိုင်ကြောင်း အသိ ပေးကြေညာခဲ့သည်။
စဉ့်ကိုင်မြို့နယ် ဖလံဗိုလ်ကျေးရွာတွင်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လိုက်နာရမည့်အချက်များ  ပြည်သူများသိရှိစေရန်အသိပညာပေး နှိုးဆော်
Aug 09,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ဖလံဗိုလ် ကျေးရွာတွင် ကျန်းမာရေး ၀န်ကြီးဌာန ကထုတ်ပြန်ထားသော ညွှန်ကြားချက်များ ပြည်သူများ  တိတိကျကျ လိုက်နာဆောင်ရွက်စေရန် ကိုဗစ် -  ၁၉ ရောဂါ  ကြိုတင်ကာကွယ်ရေး  အသိပညာပေး နှိုးဆော်ခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊  မြို့နယ်ဦးစီးမှုးနှင့် ၀န်ထမ်းများက ယနေ့ နံနက် (၈) နာရီ၌ ဖလံဗိုလ်ကျေးရွာအတွင်း လှည့်လည် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖျာပုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာသစ်(၂၁)ဦးထပ်မံတွေ့ရှိ
Aug 09,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများနှင့် ဆက်စပ်သည့်သူများ၊ အနံ့မရခြင်း၊ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ ကိုယ်ပူခြင်း၊ သံသယလူနာနှင့် ဆက်စပ်ထိတွေ့ခြင်းစသည့်ကျန်းမာရေး အခြေအနေများကြောင့် ဖျာပုံခရိုင်ပြည်သူ့ဆေးရုံကြီးနှင့် သက်ဆိုင်ရာကျေးရွာအုပ်စုများရှိ တိုက်နယ်ဆေးရုံများတွင် Rapid Antigen Diagnostic Test Kit (RDT)ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ (Positive) ရောဂါပိုးတွေ့ရှိသူ(၂၁) ဦးတွေ့ရှိပြီး ၎င်းပိုးတွေ့ရှိများနှင့်ထိစပ်ခဲ့သူများအား သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုများရှိ (သီးခြားနေအိမ်)များတွင် Home Base Facility Quarantine အဖြစ် အသွားအလာကန့်သတ်စောင့်ကြည့်ထားကြောင်းသိရသည်။
သဲကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ရောဂါကူးစက်ခံရသူပြည်သူများအား ဆန်များထောက်ပံ့
Aug 09,2021
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရောဂါကူးစက်ခံပြည်သူများနှင့်၄င်းတို့၏မိသား စုဝင်များအား ဂျပန်နိုင်ငံပြည်သူများမှဆန်များ ထောက်ပံ့လှူဒါန်းခဲ့ရာ လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
နောင်ချိုမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါနှင့်စပ်လျဉ်း၍ အခက်အခဲမရှိစေရန် ဆောင်ရွက်
Aug 09,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါနှင့်စပ် လျဉ်း၍ အခက်အခဲမရှိစေရန် တာဝန်ရှိသူများက စီစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံကြရန်နှင့် ရောဂါပြန့်ပွားမှုမရှိစေရေး အသိပညာပေးနှိုးဆော်
Aug 09,2021
    ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံကြရန်နှင့် ရောဂါပြန့်ပွားမှုမရှိစေရေး  အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၈ နာရီအချိန်က စတင်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့သွားရောက်ဆောင်ရွက်ခဲ့သည်။
မုဒုံမြို့ ၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အများပြည်သူသိရှိလိုက်နာရမည့်ညွှန်ကြားချက်များအား အသံချဲ့စက်ဖြင့်လှည့်လည်ကြေညာ
Aug 09,2021
ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူသိရှိ လိုက်နာရမည့် ညွှန်ကြားချက်များအား   အသံချဲ့စက်ဖြင့်လှည့်လည်  ကြေညာခြင်းကို  စဉ်ဆက်မပြတ်ဆောင်ရွက် လျက်ရှိရာ  မုဒုံမြို့နယ်   အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ ပြန်ကြားရေးနှင့်     ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့်   မီးသတ်တပ်ဖွဲ့ဝင်တို့ ပူးပေါင်း၍     ယမန်နေ့ ည ၇ နာရီက လှည့်လည်၍ ပြည်သူများထံ အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။