သတင်းများ

ယင်းမာပင်မြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတတိယနေ့အဖြစ် ဆက်လက်ထိုးနှံပေးခြင်းနှင့် PPE ဝတ်စုံများထောက်ပံ့ပေးအပ်
Aug 09,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက် (၆၅) နှစ် အထက်ရှိသူများ၊ဌာနဆိုင်ရာဝန်ထမ်းများ ၊ ဝန်ထမ်းမိသားစုများ၊ ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး ခြင်းကို ဩဂုတ်လ (၇) ရက်နေ့ နံနက်ပိုင်းက စတင်ထိုးနှံပေးလျက်ရှိရာ (၁၁၅၄)ဦး ကို ကာကွယ်ဆေး ထိုးနှံခဲ့ပြီး ယနေ့ တတိယနေ့အဖြစ် နံနက် ၈ နာရီမှ ညနေ ၃ နာရီအထိ ဆက်လက် ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။
ဘူးသီးတောင်မြို့၌ တိုက်ပွဲရှောင်ပြည်သူများအား ကိုဗစ်-၁၉ကာကွယ်ဆေး(Sinopharm) ထိုးနှံ
Aug 09,2021
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့ လမ်းမဘုန်းတော်ကြီး ကျောင်းဝင်းရှိ တိုက်ပွဲရှောင်ပြည်သူ (၂၉၉)ဦးအား ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဖာပွန်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုလျော့နည်းစေရေးအတွက်အသိပညာပေးနှိုးဆော်
Aug 09,2021
 ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ရောဂါကူးစက်မှု လျော့နည်းစေရေးအတွက် လိုက်လံအသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
မူဆယ်-နမ့်ခမ်း ကုန်သည်ကြီးများ အသင်းမှ Quarantine Centre များအတွက် O2အိုး(၅၀)လုံး လှူဒါန်း
Aug 09,2021
မူဆယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ လူနာသစ်များ နေ့စဉ်တိုးလာသဖြင့် အောက်စီဂျင်ဘူးများ ပြတ်လပ်မှု မရှိစေရေးအတွက် ယမန်နေ့ မွန်းလွဲ ၁ နာရီက မူဆယ်-နမ့်ခမ်း ကုန်သည်ကြီးများ အသင်းရုံးတွင် 40L Oxygenဗူး(၅၀)လုံးနှင့် အခြားကုသရေး ဆက်စပ်ပစ္စည်းများကို လှူဒါန်ပေး လျက်ရှိပါသည်။
မြောင်မြို့တွင် အောက်စီဂျင်ထုတ်လုပ်သည့်စက်ထားရှိနိုင်ရန်အတွက် အဆောက်အဦအား ကြည့်ရှု
Aug 09,2021
စစ်ကိုင်းခရိုင်၊ မြောင်မြို့တွင် ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားပြီး အသက်ရှုဝေဒနာ ခံစားနေရ သူများအတွက် အရေးပေါ်လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်စက် ထားရှိရန် အဆောက်အဦ အားကြည့်ရှုမှုကို ယနေ့ နံနက် (၈)နာရီက မြို့နယ်ပြည်သူ့ဆေးရုံဝန်းအတွင်းတွင် အလှုရှင်များ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများက ကြည့်ရှုခဲ့ကြောင်း သိရှိခဲ့ရသည်။
မင်းဘူးခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူပေါင်း ၂၀၀၅၁ ဦးရှိ
Aug 09,2021
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဩဂုတ်လ ၁ ရက်နေ့ နံနက် ၈ နာရီမှစ၍ ထိုးနှံပေးလျက်ရှိကာ ယနေ့အထိ ငါးမြို့နယ် ထိုးနှံပြီးသူပေါင်း ၂၀၀၅၁ ဦးထိုးနှံပြီးသွားပြီ ဖြစ်ကြောင်း သိရသည်။
ပခုက္ကူမြို့နယ်အတွင်းရှိ Stay at home (နေအိမ်နေထိုင်ရေး) အကျုံးဝင် ပြည်သူများအနေဖြင့် ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာနေထိုင်ရေး အသိပေးနှိုးဆော်
Aug 09,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ Stay at home (နေအိမ်တွင်နေထိုင်ရေး) အကျုံးဝင် ပြည်သူများအနေဖြင့် နံနက် ၁၀နာရီမှ ညနေ ၅နာရီအချိန်အတွင်း ကျန်းမာရေးကိစ္စနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးနေသည့် အဖွဲ့အစည်းများမှအပ နေအိမ်ပြင်ပ ထွက်ခွာ သွားလာခြင်း မပြုရန် ယမန်နေ့ ညနေ ၅နာရီအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်း  အသံချဲ့စက်ဖြင့် လှည့်လည် အသိပေးနှိုးဆော်သည်။
ဘောဂလိမြို့တွင်  ကိုဗစ်-၁၉ရောဂါ  ကာကွယ်ထိန်းချုပ်ရေး   အသိပညာပေးနှိုးဆော် 
Aug 09,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင်  ကိုဗစ်-၁၉ရောဂါ  ကူးစက်ပြန့်ပွားမှု  များပြားနေသည်ဖြစ်ရာ   အသိပညာပေးနှိုးဆော်ချက်များကို    ယနေ့နံနက်  (၉)နာရီအချိန်က   အမှတ်(၄)  ရပ်ကွက်တွင်   ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန   ဝန်ထမ်းများက    ဆောင်ရွက်ခဲ့ကြောင်း  သိရသည်။