မိတ္ထီလာ သြဂုတ် ၉
မိတ္ထီလာမြို့ အထွေထွေရောဂါကုဆေးရုံကြီးတွင် အောက်ဆီဂျင်လိုအပ်သည့် လူနာများ အသုံးပြု နိုင်စေရန် အောက်ဆီဂျင် ၄၀ လီတာ ၂၀ ဘူးနှင့် အလှူငွေများကို ယမန်နေ့က ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများမှ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ၍ မိတ္ထီလာ အထွေထွေရောဂါကုဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူနေသော လူနာများ အောက်ဆီဂျင် လိုအပ်လာ ပါက အသုံးပြုနိုင်စေရန်အတွက် ဒေသခံပြည်သူစေတနာရှင်များက အောက်ဆီဂျင်ဘူးများနှင့် အလှူငွေများ ကို ပေးအပ် လှူဒါန်းလျှက်ရှိကြောင်း သိရသည်။ ထိုသို့လှူဒါန်းရာတွင် မြန်မာနိုင်ငံဆရာဝန်အသင်း (မိတ္ထီလာ)မှ အောက်ဆီဂျင် ၄၀ လီတာ ၂၀ ဘူးကို မိတ္ထီလာမြို့ အထွေထွေရောဂါကုဆေးရုံကြီးသို့ ပေးအပ်လှူဒါန်း ခဲ့သည်။ ၎င်းအပြင် မိတ္ထီလာမြို့ ရဟန်းရှင်လူ ပြည်သူ မြို့သူမြို့သားများနှင့် ဦးဆောင်စေတနာရှင်များမှ မိတ္ထီလာ အထွေထွေရောဂါကုဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူနေသော လူနာများအတွက် အသုံးပြုနိုင်စေရန် ငွေကျပ် သိန်း(၅၀)ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)