ဖောင်းပြင် ဩဂုတ် ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် အောက်ဆီဂျင်စက်ရုံအား တစ်ဦးချင်း အလှူရှင်များ၊ ကျေးရွာအုပ်စုများအလိုက် အလှူရှင်များ၏ စုပေါင်းငွေဖြင့် တည်ဆောက် သွားမည်ဖြစ်ရာ ယနေ့ နံနက် ၈ နာရီခွဲအချိန်က ပန္နက်ရိုက်ခြင်း စတင်ဆောင်ရွက် ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဘာသာရေးအသင်းအဖွဲ့ပေါင်းစုံက တာဝန်ရှိသူများ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေး ကော်မတီဝင်များ၊ ရန်ပုံငွေရှာဖွေရေးအဖွဲ့ဝင်များ တက်ရောက်ကာ ပန္နက်ရိုက်ခြင်းကို ပူးပေါင်း ပါဝင်ဆောင်ရွက်သည်။
ယင်းစက်ရုံကို ယခုလ ၁၀ ရက်နေ့တွင် စတင်တည်ဆောက်မှာဖြစ်ပြီး အဆောက်အဦး အလျား (၄၀)ပေ၊ အနံ(၂၀)ပေ RCအမျိုးအစားတည်ဆောက်မှာ ဖြစ်ကြောင်း တာဝန်ရှိသူ ထံမှ သိရသည်။
ကိုထွန်း (ပြန်/ဆက်)