ဆီဆိုင်မြို့ ပြည်သူ့ဆေးရုံတွင် ဘက်စုံအသုံးပြုရန် အလှူငွေလှူဒါန်း

ဆီဆိုင် ဩဂုတ် ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတို့တွင် အသုံးပြုရန်အတွက် အလှူငွေများကို ယနေ့ နံနက် ၁၀ နာရီခန့်က လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်၍ ဘက်စုံအသုံးပြုနိုင်ရန် အောင်သပြေ ရပ်ကွက်မှ ဦးတင်လှ၊ ဒေါ်လှလှဝင်းမိသားစုမှ ငွေကျပ်(၂၁၀၀၀၀)ကို အလှူရှင်ကိုယ်စား ဒေါ်ဝေဝေစိုး က ဆီဆိုင်မြို့နယ် ပြည်သူ့ဆေးရုံသို့ လှူဒါန်းပေး ခဲ့ကြောင်း သိရသည်။

ဆီဆိုင်(ပြန်/ဆက်)