နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဌာနဆိုင်ရာများအား (Home Garden) စိုက်ပျိုးရန်မျိုးစေ့နှင့် ပျိုးပင်များ ထောက်ပံ့ 

                                                                                      နတ်မောက်  သြဂုတ် ၁၉                                                                                              

                      မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက  (Home Garden)စိုက်ပျိုးရန်အတွက် မျိုးစေ့နှင့် ပျိုးပင်များကို ယမန်နေ့  နံနက်(၁၀)နာရီခန့်က မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ လာရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။                   

   နတ်မောက်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ သန့်ရှင်းလတ်ဆတ်၍ အာဟာရပြည့်ဝသော ဟင်းသီးဟင်းရွက်များကိုအလွယ်တကူ စားသုံးနိုင်ပြီးအိမ်သုံးစရိတ် လျော့ချနိုင်စေရေး( Home Graden) စိုက်ပျိုးရန်အတွက် ဘူး၊ဖရုံ၊သခွား၊ကြက်ဟင်းခါး၊ ပဲတိုင်တောင်၊ကျောက်ဖရုံ၊ ခဝဲ စသည့် မျိုးစေ့များနှင့် စိန်တလုံး၊ကြောင်လျှာ၊ဒန့်ဒလွန်၊ငရုတ်နှင့် ခရမ်းစသော ပျိုးပင်များအား ထောက်ပံ့ပေးရခြင်း ဖြစ်ကြောင်းနှင့် ကျန်ရှိနေသောဌာနဆိုင်များကိုလည်း ဆက်လက်၍ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီး ဌာနတာဝန်ရှိသူတစ်ဦးထံမှ  သိရသည်။ 

  ဖြိုးအိအိဇော်