သတင်းများ

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(နမ့်ဆန်) နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဇယန်းကြီးကျေးရွာရှိ ပတ္တမြားစေတီကုန်းတော်  ဓမ္မာရုံဆောက်လုပ်လှူဒါန်းရန်အတွက် အလှူငွေပေးအပ်ခြင်း အခမ်းအနားကျင်းပ
Aug 19,2021
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(နမ့်ဆန်)၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန် ဇယန်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပတ္တမြား စေတီကုန်းတော်ပေါ်ရှိ ဓမ္မာရုံ ဆောက်လုပ်လှူဒါန်းရန်အတွက် အလှူငွေပေးအပ်ခြင်း အခမ်းအနား ကျင်းပခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကျေးရွာအုပ်စုများသို့ ကွင်းဆင်းထိုးနှံပေး
Aug 19,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် ကိုဗစ်-၁၉ ‌ရောဂါ ကာကွယ်ဆေးကို‌ ယမန်နေ့ နံနက်(၉)နာရီ အချိန်က ကျောက္ကာ(တ)ကျေးရွာ ရွှေဂူနီဘုရားဓမ္မာရုံနှင့်‌ ကျောက္ကာ(မ)ကျးရွာအုပ်စု အလယ်တန်း‌ကျောင်း တို့တွင် စုရပ်ထားကာ ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်‌ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
တပ်ကုန်းမြို့အဝင် ညောင်လွန့်ပူးပေါင်းစစ်ဆေးရေးဂိတ်အား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Aug 19,2021
နေပြည်တော် တပ်ကုန်းမြို့နယ်အဝင် ညောင်လွန့်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ရောဂါကူးစက်ပျံ့နှံ့မှုလျော့နည်းစေရေး အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရာ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ကွင်းဆင်းစစ်ဆေးခဲ့သည်။
နမ့်ခမ်းမြို့  ခုတင်(၁၀၀) ပြည်သူ့ဆေးရုံတွင် အောက်ဆီဂျင်အိုးများနှင့် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်း
Aug 19,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ ခုတင်(၁၀၀) ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများအား ကုသရေးလုပ်ငန်းဆောင်ရွက်ရာတွင် လိုအပ်သည့် အောက်စီဂျင်အိုးများနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို ယမန်နေ့ နေ့လည်ပိုင်း(၁၂) နာရီအချိန်တွင် အလှူရှင်များက ပြည်သူ့ဆေးရုံသို့ လာရောက်လှူဒါန်းပေးလျှက်ရှိကြောင်း သိရသည်။
ပြင်ဉီးလွင်မြို့နယ်အတွင်းရှိ ရဟန်း၊ သာမဏေ နှင့် သီလှရှင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Aug 18,2021
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဉီးလွင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက် ( ၉) နာရီမှ စတင်ပြီး ရပ်ကွက်ကြီး ( ၂ ) ရှိ သံဃသာမဂ္ဂီမဟာပဝါရဏာသိမ်တော်ကြီး၌ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ ဆရာတော်သံဃာတော်များနှင့် သီလှရှင်များအား ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရှိရသည် ။
မြောက်ဥက္ကလာပမြို့နယ်ကြက်ခြေနီအသင်းခွဲရုံးသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများတွင်အသုံးပြုနိုင်ရန် အလှူငွေများလှူဒါန်း
Aug 18,2021
ရန်ကုန်တိုင်းဒေသကြီး ၊အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ကြက်ခြေနီအသင်းခွဲရုံးသို့ အလှူရှင်များမှ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူငွေများ ကို ယမန်နေ့ နံနက်ပိုင်းက လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်၊၊
ဟိုပန်မြို့၌ (၁၁)ကြိမ်မြောက် မြို့နယ်လုံးကျွတ် စုပေါင်းဝါဆိုသင်္ကန်း၊ဆွမ်းဆန်၊ဆီ၊ဆား ဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်
Aug 18,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့တွင် (၁၁)ကြိမ်မြောက် မြို့နယ်လုံးကျွတ်စုပေါင်း ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီ၊ ဆား ဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ဟိုပန်မြို့၊ မြို့မ သာသနာ့ရောင်ခြည်ကျောင်းတိုက်တွင် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ   အကျဉ်းချုံး၍   ပြုလုပ်ခဲ့သည်။
မင်းပြားမြို့နယ်၌အိမ်ထောင်စု(၁၁၀)စုအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများ လှူဒါန်း
Aug 18,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ၊မင်းပြားမြို့နယ်၌ လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်−၁၉ ကူးစက်မြန်ရောဂါ ဖြစ်ပွားနေသဖြင့် ဝေးလံကျေးရွာများ၌ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် မင်းပြားပရဟိတ လူငယ်များ ကွန်ယက်၊(MCYN) အဖွဲ့မှ ယနေ့နံနက် (၁၀)နာရီအချိန်က ဆန်နှင့်မီးဖိုချောင်သုံးပစ္စည်းများကို ကျေးရွာများနှင့်မြို့ပေါ် ရပ်ကွက်များသို့ သွားရောက်ပြီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။