ကြံခင်းမြို့တွင်၂၀၂၁ -၂၀၂၂ ဘဏ္ဍာရေးနှစ်(၆)လ တာကာလအတွက် ကျန်ရှိနေသော လိုင်စင် (၅)ခုအားအိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချပွဲ ကျင်းပ

ကြံခင်း ဩဂုတ် ၁၉

ဧရာဝတီတိုင်းဒေသကြီး. ဟင်္သာတခရိုင် ကြံခင်းမြို့မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၁ -၂၀၂၂ဘဏ္ဍာရေးနှစ်(၆)လတာကာလအတွက် ကျန်ရှိနေသော လိုင်စင်(၅)ခုအား အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ရောင်းချပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့နယ်စည်ပင်သာယာ ရေးရုံး အစည်းအဝေးခန်းမ တွင်ကျင်းပခဲ့ကြောင်းသိရသည်။

ပထမဦးစွာ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ကျော်နှင့်မြို့နယ် စည်ပင် သာယာရေးအဖွဲ့ အလုပ်အမှုဆောင်အရာရှိ ဦးဌေးမြင့်အောင်တို့မှ လိုင်စင်သက်တမ်းတိုး ရောင်း ချခြင်းနှင့် ပတ်သက်သည်များအားရှင်းလင်းပြောကြားပြီး ကြီးကြပ်ဆောင်ရွက် ကြကြောင်း သိရသည်။

ဆက်လက်ပြီး၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်(၆)လတာ ကာလအတွက် အရပ်ရပ်အခွင့်အရေး လိုင်စင်(၄၂)ခုအားဩဂုတ်လ ၄ ရက်နေ့တွင် သက်တမ်းတိုးစနစ်ရောင်းချခဲ့ရာ (၃၇)ခုအား ရောင်းချနိုင်ခဲ့ပြီး၊  ကျန်ရှိနေသော လိုင်စင်(၅)ခုအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချရာ လိုင်စင်တစ်ခုရောင်းချနိုင်ခဲ့ပြီးငွေ.ကျပ်(၃၈၇၀၀၀၀၀/) ဖြင့်ရောင်းချခဲ့ကြောင်းနှင့် ကျန်ရှိ နေသော လိုင်စင်(၄)ခုအားအခြား နည်းတင်ဒါ စနစ်ဖြင့်စတင်ဘာလ ၇ရက်နေ့တွင် ရောင်းချပေး သွားမည်ဖြစ် ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)