ဘူးသီးတောင် သြဂုတ် ၂၀
ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများနှင့်ဆက်စပ်သည့်Stay at Home နေထိုင်ကြသည့် လက်လုပ်လက်စားများအား ဘူးသီးတောင်မြို့ပရဟိတအဖွဲ့များပူးပေါင်း၍ ယမန်နေ့က အခြေခံ စား သောက်ကုန်များကူညီထောက်ပံ့ခဲ့သည်။
ဘူးသီးတောင်မြို့နယ်တွင်ကိုဗစ်-၁၉ရောဂါကူးစက်ခံရမှုကြောင့်၄င်းတို့နှင့် ဆက်စပ်သည့်မိသားစုများ၏ စားဝတ်နေရေး အခက်အခဲများကိုကူညီဖြေရှင်းနိုင်ရေးအတွက် ပရဟိတ အဖွဲ့များဖြစ်ကြသည့် မယူဒေသသံဃ သမဂ္ဂဗဟို၊ဘူးသီးတောင်မြို့အာရက္ခသဇင်အမျိုးသမီးအဖွဲ့ ၊ဘူးသီးတောင်လူငယ်များ အစည်းအရုံးနှင့် WDAB အဖွဲ့တို့မှ ပူးပေါင်း၍မြို့ပေါ် ရပ်ကွက်နှင့်ကျေးရွာများရှိအိမ်ထောင် စု(၉၆)စုအတွက် တစ်ပတ်စာ ဆန်၊ဆား၊ငရုတ် အခြေခံစားသောက်ကုန် ( ၃ )မျိုးတို့ကို သွားရောက်ထောက်ပံ့ခဲ့ကြကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်