မုဒုံမြို့၌ အခြေခံအိမ်ထောင်စု (၇၀၀)ကျော်အတွက် ဆန်အိတ်နှင့်စားသောက်ကုန် ပစ္စည်းများ လှူဒါန်း

မုဒုံ   သြဂုတ်  ၂၀

မွန်ပြည်နယ်၊ မုဒုံမြို့နယ်ကျောက်တလုံးကျေးရွာနေ အေးမြင့်ကျော်(ပဲမျိုးစုံမိသားစု)လုပ်ငန်းမှ  ဆန်အိတ်နှင့် စားသောက်ကုန်ပစ္စည်းများကို   ယမန်နေ့   နံနက်ပိုင်းက     စတင်လှူဒါန်းခဲ့ကြောင်း သိရသည်။

လှူဒါန်းရာတွင်  သြဂုတ်၁၅ ရက်နေ့မှစ၍ ၁၈ ရက်နေ့အထိ(၄)ရက်ကြာ စာရင်းပေးသွင်းပြီး  အိမ်ထောင်စုတစ်စုလျှင်   ဆန်တစ်အိတ်၊  ကြက်ဥ၊  ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အာလူး၊ ငါးပိကြော်၊ ငါးပိထောင်း၊ဆား၊ပဲနှစ်ပြန်ကြော်နှင့်လက်ဖက်ခြောက် အခြေခံစားသောက်ကုန်စုစုပေါင်း(၁၀)မျိုးကို    မြို့နယ်အတွင်းရှိ  အခြေခံအိမ်ထောင်စုများ၊  ရပ်ဝေး၊ ရပ်နီးမှ သက်ကြီးရွယ်အိုများအားကိုယ်စားဖြင့် လည်ကောင်း၊ ကိုယ်စားမရှိခဲ့ပါက  အိမ်တိုင်ရာရောက်ဖြင့်လည်ကောင်း  ပို့ဆောင်ပေးကာ   အခြေခံ အိမ်ထောင်စုပေါင်း (၇၀၀)ကျော်ကို ကိုဗစ်-၁၉ရောဂါစည်းကမ်းချက်များနှင့်အညီ ထောက်ပံ့လှူဒါန်းခဲ့​သည်။ ကိုဗစ်-၁၉ကာလအတွင်း  အခြေခံအိမ်ထောင်စုများအတွက် အထောက်အကူပြုစေရန်အတွက် တစ်ဖက်တစ်လမ်းမှ မွန်မြတ်သောကာလဒါနအလှူတော်ကို လှူဒါန်းပေးရခြင်းဖြစ်ကြောင်း အလှူရှင်မိသားစုထံမှ သိရသည်။

အောင်မျိုးသူ