သတင်းများ

ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် သပိတ်ကျင်းမြို့နယ်အတွင်းရှိ မြေနိမ့်ပိုင်းကျေးရွာ ရေဝင်ရောက်သဖြင့် ရေလွတ်ရာသို့ပြောင်းရွေ့
Aug 24,2021
ယခင်ရက်များက ဧရာတီမြစ်အထက်ပိုင်း မိုးရွာသွန်းမှုများကြောင့် မြစ်ရေမြင့်တက်ကာ သပိတ်ကျင်းမြို့နယ် အတွင်းရှိ တွင်းငယ်ကျေးရွာ၌ မြေနိမ့်ပိုင်းရှိ အိမ်ထောင်စုများ ရေဝင်ရောက်မှုကြောင့် သြဂုတ်လ (၂၃)ရက်နေ့တွင် အိမ်ထောင်စု (၅၁)စု အား ရေလွတ်ရာသို့ ပြောင်းရွေ့ပေးထားကြောင်း သိရသည်။
အိမ်မဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်း (၁၆၀၀) ကျော်အား ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ
Aug 24,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား ဝန်ထမ်း (၁၆၀၀) ကျော်အား ပင်စင်လစာငွေများကို ယမန်နေ့က ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
"ပန်းခင်း" စီမံချက်နှင့် ပတ်သတ်၍ စုံစမ်းမေးမြန်းနိုင်ရန်အတွက် Call Center များဖွင့်လှစ်
Aug 24,2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ "ပန်းခင်း" စီမံချက်ဖြင့် တိုင်းရင်းသားများနှင့် ဥပဒေအရနိုင်ငံသားများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ် ပေးရေးအတွက် ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့အထိ “ပန်းခင်း” စီမံချက် ဖြင့် မြို့နယ်အသီးသီး၌ နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ဂွမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေး ကျင်းပ
Aug 24,2021
ရခိုင်ပြည်နယ် သံတွဲခရိုင် ဂွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉နာရီခွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
တနင်္သာရီမြို့နယ် မြန်မာ့စီးပွါးရေးဘဏ်(ခွဲ)၌ ပင်စင်ငွေများ ဆက်လက်ထုတ်ပေးလျက်ရှိ
Aug 24,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် မြန်မာ့စီးပွါးရေးဘဏ်(ခွဲ)တွင် ၂၀၂၁ခုနှစ်၊ ဩဂုတ်လအတွက် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယမန်နေ့မှစ၍ ဘဏ်များ ပြန်လည်ဖွင့်လှစ်ကာ ပုံမှန်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက် ၈နာရီအချိန်မှ မွန်းလွှဲ၂နာရီအထိ အငြိမ်းစား(၄၅)ဦးတို့အား ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ထုတ်ပြန်ချက်များနှင့်အညီ ဆက်လက်ထုတ်ပေးလျက် ရှိကြောင်း၊ ယမန်နေ့ ကလည်း အငြိမ်းစား(၇၃)ဦး၏ ပင်စင်လစာငွေများကို အေးချမ်းစွာပုံမှန် ထုတ်ပေးနိုင်ခဲ့ကြောင်း မြို့နယ်မြန်မာ့စီးပွါးရေးဘဏ်(ခွဲ)မှ သိရှိရသည်။
နမ္မတူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်စားမိဘပြည်သူများအား ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ
Aug 24,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်းရှိ ပင်စင်စားမိဘပြည်သူများအတွက် ပင်စင်လစာငွေများကို ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထုတ်ပေးလျက်ရှိသည်။
ဟိုပင်မြို့၌ (၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန် ကာကွယ်ဆေး ထိုးနှံပေး
Aug 24,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အစီအမံများ နှင့်အညီ ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို အသက် ၂ နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ယနေ့ နံနက် ၁၀ နာရီက မိုးညှင်းဆေးရုံ အခြေပြု ကာကွယ်ဆေးထိုးအဖွဲ့မှ ဟိုပင်မြို့သို့ ကွင်းဆင်း ကာကွယ်ဆေးထိုးနှံ ပေးခဲ့ကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်အတွင်းရှိ ရေကြီးနစ်မြှပ်ခဲ့သောကျေးရွာများအားတိရစ္ဆာန်အစာများ ထောက်ပံ့ပေးအပ်
Aug 24,2021
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းဇူလိုင်လအတွင်းက ရေကြီးနစ်မြှပ်ခဲ့သော ကျေးရွာ များအားတိရစ္ဆာန်အစာအိတ်များ ထောက်ပံပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက ကျိုက်မရော မြို့နယ်၊မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ သင်တန်းခန်းမ၌ကျင်းပပြုလုပ်သည်။