ဂွမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေး ကျင်းပ

ဂွ       သြဂုတ်      ၂၄

ရခိုင်ပြည်နယ် သံတွဲခရိုင် ဂွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉နာရီခွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဇာနည်ကျော်က "ဂွမြို့တွင် ကိုဗစ်ပိုးတွေ့လူနာ တွေ့ရှိနှုန်းများပြားနေသည့်အတွက် ပိုးတွေ့ရှိမှုနှုန်းလျော့ကျစေရန် ဆောင်ရွက်နေသည့် လုပ်ငန်း အစီအမံများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းအစီအမံများကိုလည်းကောင်း၊ ကျန်းမာရေးဝန်ကြီး ဌာနမှ သတ်မှတ်ထားသည့် စည်းကမ်းချက်များအတိုင်း ထိရောက်သည့် အရေးယူဆောင်ရွက်မှုများ ဆောင်ရွက်သွားနိုင်ရေးကိုလည်းကောင်း၊ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်ပြီး လိုအပ်သည့် အစီအမံ များ၊ ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုများနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ သတိပေးချက်များအားသက်ဆိုင်ရာဌာနများမှ ဆောင်ရွက်သွားနိုင် ရေးကိုလည်းကောင်း၊ ပြည်ထောင်စုနှင့်ပြည်နယ်ဘက်ဂျက်မှ ဆောင်ရွက်လျှက်ရှိသည့်လုပ်ငန်းများ အချိန်မီ ပြီးစီးအောင်ဆောင်ရွက်သွားနိုင်ရေးကိုလည်းကောင်း" သက်ဆိုင်ရာဌာနများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။

အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်