အိမ်မဲ ဩဂုတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား ဝန်ထမ်း (၁၆၀၀) ကျော်အား ပင်စင်လစာငွေများကို ယမန်နေ့က ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အိမ်မဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လအတွက် အငြိမ်းစားဝန်ထမ်း ပေါင်း (၁၆၀၀) ကျော် ထုတ်ယူရန် စာရင်းရှိကြောင်း၊ လကုန်ရက်အထိ ဘဏ်ဖွင့်ရက်များတွင် ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ထုတ်ပြန်ချက်များနှင့်အညီ ထုတ်ပေးသွားမည် ဖြစ်ကြောင်းနှင့် အငြိမ်းစားပင်စင်လစာငွေများကို ထုတ်ပေးလျက်ရှိရာ ယနေ့နံနက် ၁၁ နာရီ အချိန်ထိ အငြိမ်းစားဝန်ထမ်း (၁၆၀) ကျော်အား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်(၁၉)ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ထုတ်ပေးလျက်ရှိကြောင်း မြန့်မာ့ စီးပွားရေးဘဏ်မှ သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)