နမ္မတူ ဩဂုတ်၂၄
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်းရှိ ပင်စင်စားမိဘပြည်သူများအတွက် ပင်စင်လစာငွေများကို ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထုတ်ပေးလျက်ရှိသည်။
နမ္မတူမြို့နယ်တွင် ပင်စင်စားမိဘပြည်သူ စုစုပေါင်း (၃၅၃)ဦးရှိပြီး ဩဂုတ်လ (၂၃)ရက်နေ့မှ ယနေ့နံနက်ပိုင်းအထိ ပင်စင်စားမိဘပြည်သူ (၁၆၀)ဦးခန့်အား ပင်စင်လစာငွေများ ထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်သည်။
နမ္မတူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ လစဉ် (၂၁)ရက်နေ့မှ လကုန်ရက်အထိ ရုံးဖွင့်ရက်တိုင်း ပင်စင်လစာများပုံမှန်ထုတ်ပေးလျက်ရှိကြောင်း အကြောင်းအမျိုးမျိုးမျိုးကြောင့် ပင်စင်လစာလာမထုတ်နိုင်သည့် ပင်စင်စားမိဘပြည်သူများအား နောက်လ လဆန်း (၁)ရက်နေ့မှ (၂၀)ရက်နေ့အတွင်း ရုံးဖွင့်ရက်တိုင်း ပင်စင်လစာများ ထုတ်ယူခွင့်ပြုကြောင်း နမ္မတူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်မန်နေဂျာထံက သိရသည်။
လူမော် (ပြန်/ဆက်)