တနင်္သာရီမြို့နယ် မြန်မာ့စီးပွါးရေးဘဏ်(ခွဲ)၌ ပင်စင်ငွေများ ဆက်လက်ထုတ်ပေးလျက်ရှိ

တနင်္သာရီ ဩဂုတ်၂၄

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် မြန်မာ့စီးပွါးရေးဘဏ်(ခွဲ)တွင် ၂၀၂၁

ခုနှစ်၊ ဩဂုတ်လအတွက် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယမန်နေ့မှစ၍ ဘဏ်များ ပြန်လည်ဖွင့်လှစ်ကာ ပုံမှန်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက် ၈နာရီအချိန်မှ မွန်းလွှဲ၂နာရီအထိ အငြိမ်းစား(၄၅)ဦးတို့အား ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ထုတ်ပြန်ချက်များနှင့်အညီ ဆက်လက်ထုတ်ပေးလျက် ရှိကြောင်း၊ ယမန်နေ့ ကလည်း အငြိမ်းစား(၇၃)ဦး၏ ပင်စင်လစာငွေများကို အေးချမ်းစွာပုံမှန် ထုတ်ပေးနိုင်ခဲ့ကြောင်း မြို့နယ်မြန်မာ့စီးပွါးရေးဘဏ်(ခွဲ)မှ သိရှိရသည်။

တနင်္သာရီမြို့နယ် မြန်မာ့စီးပွါးရေးဘဏ်တွင် ၂၀၂၁ခုနှစ်၊ ဩဂုတ်လအတွက် ပင်စင်လစာ ထုတ်ယူရန် အငြိမ်းစားဝန်ထမ်းပေါင်း(၄၂၆)ဦး ရှိသဖြင့် လကုန်ရက်အထိ ဘဏ်ဖွင့်ရက်များတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးထုတ်ပြန်ချက်များနှင့်အညီ ဆက်လက်ထုတ်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

ထိုကဲ့သို့ပင်စင်လစာငွေလာရောက်ထုတ်ယူရာတွင် ပိုမိုအဆင်ပြေ ချောမွေ့စေရေးအတွက် အငြိမ်းစား ဝန်ထမ်းများကလည်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉

ရောဂါ ကာကွယ်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်လာခြင်း၊ တစ်ဦးနှင့် တစ်ဦး(၆)ပေကွာ၍ ထိုင်စောင့်ခြင်း၊ အသက်ကြီးသူများကို ဦးစားပေး၍ ကူညီဖေးမခြင်း တို့ဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် ဘဏ်မန်နေဂျာက မေတ္တာရပ်ခံ ပန်ကြားထားကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း