"ပန်းခင်း" စီမံချက်နှင့် ပတ်သတ်၍ စုံစမ်းမေးမြန်းနိုင်ရန်အတွက် Call Center များဖွင့်လှစ်

မိုင်းခုတ် သြဂုတ် ၂၄

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ "ပန်းခင်း" စီမံချက်ဖြင့် တိုင်းရင်းသားများနှင့် ဥပဒေအရနိုင်ငံသားများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ် ပေးရေးအတွက် ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့အထိ ပန်းခင်းစီမံချက် ဖြင့် မြို့နယ်အသီးသီး၌ နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

 အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးနေသည့် အိမ်ထောင်စုလူဦးရေးစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကဒ်ပြားများ ပြုလုပ်ခြင်းနှင့် စပ်လျဉ်း၍ အဆင်မပြေမှုများရှိပါက မိုင်းဆတ်မြို့နယ်၊ မိုင်းခုတ် မြို့အတွက် မိုင်းဆတ်ခရိုင်ဦးစီးမှူး (၀၉၅၂၄၁၀၆၂) နှင့် မိုင်းဆတ်မြို့နယ်ဦးစီးမှူး (၀၉၄၂၃၆၅၈၉၉၉)သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်သည့် Call Centre များ ဖွင့်လှစ်ထားကြောင်းသိရသည်။

လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကို ကိုင်ကြစို့ဆောင်ပုဒ်နှင့် အညီ အသက်(၁၆)နှစ်ပြည့်ပြီးသူ နိုင်ငံသားတိုင်း ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေး ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပြီး ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ သိမှတ်ဖွယ်ရာ လက်ကမ်းစာစောင်များလည်း ဖြန့်ဝေထားကြောင်းသိရသည်။