တွံတေး သြဂုတ် ၂၄
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် နှင့် အခြားသောဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက အရေးပေါ် ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းများအား လျှင်မြန်ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် တွံတေးမြို့နယ်မီးသတ်ဦးစီးမှူးဦးဆောင်၍ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်းများနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ ဝင်များ အသင့်စုဖွဲ့ထားရှိပြီရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်ဆောင်ရွက် နေမှု ကိုယမန်နေ့နံနက်ပိုင်းကမြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် စုဖွဲ့လေ့ကျင့်ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
အဆိုပါဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ရာ၌ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးစောမောင်သန်းနှင့် မြို့နယ်သန္ဒေတပ်ဖွဲ့ဝင်များကမြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး သဘာဝဘေးအန္တရာယ်နှင့် လေးပြင်းတိုက်ခတ်မှုများ မြေပြိုမှုများကမ်းပါးပြိုကျ မှုများနှင့် အခြားသောဘေးအန္တရာယ်များကျရောက်သည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများဖြစ်ပေါ်လာပါက မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဆောင်ရွက်နိုင်ရန်နှင့် ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်များကို လျှင်မြန်ထိရောက်စွာ အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်မှုကို ဆောင်ရွက်ခြင်း ဖြစ် ကြောင်းသိရှိရသည်။
သဘာဝဘေးအန္တရာယ်နှင့် အခြားသောဘေးအန္တရာယ်များဖြစ်ပေါ်လာပါက ဒေသခံပြည်သူ များအား ကူညီကယ်ဆယ်ရန် မြို့နယ်မီးသတ်ဦးစီးဌာနရုံးသို့ အချိန်မရွေးဆက်သွယ် ဆောင်ရွက် နိုင်ရန်အတွက် အောက်ပါဖုန်းနံပတ်သို့ဆက်သွယ်နိုင်ရန်၀၄၅ ၅၀၄၄၄၊ ၀၉ ၄၂၂ ၈၇၁ ၅၁၆၊၀၄၅ ၅၀၄၄၅သို့ဆက်သွယ်နိုင်ရန်ပြည်သူများအားဖုန်းနံပါတ်များလည်း ကြေညာပေးထားကြောင်း တာဝန်ရှိသူတစ်ဦးထံမှသိရသည်။
မြို့နယ်(ပြန်/ဆက်)