အုတ်ဖို သြဂုတ် ၂၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အစည်းဝေးခန်းမတွင် အရပ်ရပ်ဆိုင်ရာအခွင့်အရေးလိုင်စင်များ ဒုတိယအကြိမ် လေလံတင်ရောင်းချခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀နာရီ ၃၀အချိန်က ကျင်းပခဲ့သည်။
အုတ်ဖိုမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ အရပ်ရပ်အခွင့်အရေးလိုင်စင်များအား ၂၀၂၁-၂၀၂၂ Mini Budget(၁-၁၀-၂၀၂၁)မှ (၃၁-၃-၂၀၂၂)အထိ(၆)လတာကာလ အပိုင်းအခြားအတွက် မြို့ဝင်ကြေး ဘီးကောက်လိုင်စင်မှအပ သားသတ်လိုင်စင်များအား အညီအမျှခွဲဝေချထားပေးခြင်း စနစ်ဖြင့် လည်းကောင်း အပေါင်ဆိုင်လိုင်စင်များကို သက်တမ်းတိုးစနစ်ဖြင့်လည်းကောင်း၊ ကျန်အခွင့်အရေး လိုင်စင်များအားစျေးပြိုင်စနစ်ဖြင့်ရောင်းချပေးလျက်ရှိကြောင်းသိရသည်။
ယနေ့လေလံတင်ရောင်းချခြင်းအခမ်းအနားတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက အခွင့်အမှာစကားပြောကြားပြီး စည်ပင်အမှုဆောင်အရာရှိ ဦးဖြိုးဝေအောင်မှ အခွင့်အရေးလိုင်စင်များရောင်းချခြင်းနှင့်ပတ်သက်၍ စည်းကမ်းချက်များကိုရှင်းလင်းပြောကြားရာ ယခုလုပ်ငန်းတွေမှရရှိလာတဲ့အခွန်အခများမှ မြို့နယ်ပြည်သူလူထုစိတ်အေးချမ်းသာစွာ သွားလာ နေထိုင်နိုင်ရေးအတွက် ရေးစီးရေလာကောင်းမွန်ရေးနှင့် လမ်းတံတားများစသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ အသုံးပြုသွားမှာဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက်စည်ပင်သာယာရေးအဖွဲ့မှ ဒုဦးစီးမှူးက လေလံစည်းကမ်းများကို ရှင်းလင်းပြောကြားရာ တက်ရောက်လာကြသည့် လေလံလျှောက်ထားသူများက သိလိုသည်များကိုပြန်လည်မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကာ အရပ်ရပ်ဆိုင်ရာ လေလံတင်ရောင်းချခြင်း ကိုစတင်ခဲ့သည်။ ယနေ့ လေလံတင်ရောင်းချရာ အပေါင်ဆိုင်လိုင်စင်(၃)ခု၊ သားသက်လိုင်စင်(၁၀)ခုနှင့် မြို့နယ်ဖြတ်ကျော်(၁)ခုစုစုပေါင်း အရပ်ရပ်ဆိုင်ရာ လိုင်စင်(၁၄)ခု ရောင်းချပေးခဲ့ကြောင်း သိရသည်။
အောင်သူ(အုတ်ဖို)