မြောက်ဦး ဩဂုတ် ၂၄
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာ လာရောက်ထုတ်ယူကြသည့် နိုင်ငံဝန်ထမ်းအငြိမ်းစားဝန်ထမ်းများကို ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်နိုင်ရန်နှင့် ကူးစက်ပြန့် ပွားမှုများမရှိစေရန်အတွက် မြန့်မာ့စီးပွားရေးဘဏ်ဝန်ထမ်း များက ကျန်းမာရေးဝန်ကြီးဌာနမှ လမ်းညွှန်ချက်များနှင့်အညီ ဩဂုတ်လ ၂၃ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း ပင်စင်လစာများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ အငြိမ်းစားပင်စင်များထုတ်ပေးလျက်ရှိရာတွင် ပင်စင်လစာလာရောက်ထုတ်ယူသူများကို ပါးစပ်နှင့်နှာခေါင်းစည်းများ တပ်ဆင်စေခြင်း၊ နှာခေါင်းစည်းမပါရှိသူများကို နှာခေါင်းစည်း Mask များ ဝေငှပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ လက်ဆေးဘေစင်များထားရှိပေးခြင်း၊ လက် သန့်ဆေးရည်နှင့် တစ်ရှူးများ စီစဉ်ထားရှိပေးကာ စနစ်တကျလက်ဆေးပြီးမှ ဘဏ်အတွင်းသို့ ဝင်ရောက်စေပြီး တစ်ဦးနှင့်တစ်ဦးအား ခြောက်ပေအကွာမှ နေစေ၍ အလှည့်ကျစနစ်ဖြင့် ပင်စင် လစာများအား စနစ်တကျထုတ်ပေးလျက်ရှိပြီး မြောက်ဦးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်ထုတ်သူဦးရေစုစုပေါင်း ၁၉၂၆ဦး ရှိသည့်အနက် ဩဂုတ်လ ၂၃ ရက်နေ့မှ ယနေ့ထိ လာရောက်ထုတ်သူ ၄၂၁ ဦးတို့ကို ငွေကျပ်သိန်း ၅၅၀၄၇၈၉၆ သိန်းအား ထုတ်ပေးထားပြီးဖြစ် ကြောင်းနှင့် ပင်စင်ထုတ်ယူရန်ကျန်ရှိသူများကိုလည်း ဘဏ်ဖွင့်ချိန်ရက်များတွင် ဆက်လက်ထုတ် ပေးသွားမည်ဖြစ်ကြောင်း၊ ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်းမရှိသည့် အငြိမ်းစား ပင်စင်လစာ များကို ကိုယ်စားလှယ်လွှဲစာဖြင့်လည်းကောင်း၊ ငွေစုဘဏ်စာရင်းသို့ လွှဲပြောင်းပေးခြင်းများစီစဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ဦးမောင်နီ ကပြောကြားခဲ့သည်။ ယင်းနောက် ဘဏ်ဝန်ထမ်းများမှလည်း နှာခေါင်းစည်း၊ လက်သန့်ဆေးရည်နှင့် လက်အိတ်များကို အသုံးပြုကာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိပေးလျက် ကြောင်း သိရှိရသည်။
ခင်မောင်ထွန်း