အင်္ဂပူ သြဂုတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင် အသက်(၆၅)နှစ် အထက် အဘိုးအဘွားများနှင့် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အ.ထ.က-အင်္ဂပူ၊ အ.ထ.က-ထူးကြီး၊ အ.ထ.က-ကွင်းကောက်၊ မဲဇလီကုန်းမြို့ ဗိုလ်အောင်ကျော်ခန်းမနှင့် ညောင်ကျိုးဒေသ ငဝန်ဧရာခန်းမတို့၌ စုရပ်(၅)နေရာခွဲ၍ ဒုတိယအကြိမ်အဖြစ် ယမန်နေ့နံနက် ၉ နာရီ အချိန်မှစတင်၍ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် ဇူလိုင်လ ၃၀ ရက်နေ့က ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးသည့် အသက် ၆၅ နှစ် အထက်အဘိုး အဘွားများ၊ ရဟန်းသံဃာများ၊ ဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဈေးသူ၊ ဈေးသားများ စုစုပေါင်း(၇၄၂)ဦးအား စုရပ်(၅)ခုတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်းနှင့် ကျန်းမာရေးဝန်ထမ်းများကကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံသူများကို အပူချိန်တိုင်းပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်းများ ဆောင်ရွက်ပေးပြီး ပုံမှန်အခြေအနေရှိမှ ကာကွယ်ဆေးထိုးနှံပေးသွားမည် ဖြစ်ကြောင်းသိရသည်။
မန်းကျော်-အင်္ဂပူ(ပြန်/ဆက်)