ကျိုင်းတုံမြို့၌ ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jul 13,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဇူလိုင် ၁၁ ရက်က ကျိုင်းတုံတက္ကသိုလ်ဝင်းတွင်ကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်စိုးက အမှာစကားပြောကြားပြီး ဒုတိယတိုင်းမှူးနှင့်တာဝန်ရှိသူများက သစ်ပင်များစိုက်ပျိုးရန်အတွက် ပျိုးပင်များပေးအပ်ရာ ဒေသခံတိုင်းရင်းသားများ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) အမျိုးသမီးရေးရာအဖွဲ့တာဝန်ခံတို့က လက်ခံရယူကြသည်။