ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ U-14 Boys Royal-D Cup 2026 ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ဒဂုံဆိပ်ကမ်း ဇူလိုင် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၌ အခြေခံပညာဦးစီးဌာနနှင့် Royal-D တို့ပူးပေါင်းကျင်းပသော မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ U-14 Boys Royal-D Cup 2026 ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်က အမှတ် (၁၆၈) ရပ်ကွက် ဘောလုံးကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခြေခံပညာကျောင်းပေါင်းစုံ U-14 Boys Royal-D Cup 2026 ဘောလုံးပြိုင်ပွဲအား အနာဂတ်မျိုးဆက်သစ် ကျောင်းသားမောင်မယ်လူငယ်များအနေဖြင့် ဘောလုံးစွမ်းရည်တိုးတက် စေရုံသာာမက လူငယ်များအကြား စည်းလုံးညီညွတ်မှု၊ အသင်းအဖွဲ့စိတ်ဓာတ်၊ လူမှုရေးနှင့် ပေါင်းသင်းဆက်ဆံရေး ပိုမိုခိုင်မာလာစေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားအား အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများက ပန်းပွားအကဖြင့် ဖွင့်လှစ်ခဲ့ ကြောင်း သိရသည်။

ထို့နောက် မြို့နယ်ပညာရေးမှူး ဦးဇော်မျိုးထွဋ်က ပြိုင်ပွဲစည်းကမ်းချက်များနှင့် ပက်သတ်မှတ် အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်ကြီးများက ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။ မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ U-14 Boys Royal-D Cup 2026 ဘောလုံးပြိုင်ပွဲတွင် အခြေခံပညာကျောင်း (၈) ကျောင်းမှ အသင်း (၈) သင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပထမပွဲစဉ်တွင် အ.ထ.က (၃) အသင်းနှင့် အ.ထ.က (၅) အသင်းတို့က ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

ဖြိုးစန္ဒာ(ဆိပ်ကမ်း)