သန်လျင်မြို့ အ.ထ.က( ၂)ကျောင်း၌ အထက်တန်း၊အလယ်တန်းဆင့်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ရန်ကုန် ဇူလိုင် ၁၃

သန်လျင်ခရိုင် သန်လျင်မြို့အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မိဘဆရာအသင်းနှင့် ကျောင်းအကျိုးဆောင်အဖွဲ့တို့က ကြီးမှူးကျင်းပသော ကျောင်းတွင်းအထက်တန်း၊ အလယ်တန်းဆင့် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက်( ၉ )နာရီတွင် အဆိုပါကျောင်းအားကစားကွင်း၌ ကျင်းပပြုလုပ်သည်။

အဆိုပါ ဘောလုံးပြိုင်ပွဲတွင် ပထမဆုရ ဘုရင့်နောင်အသင်း၊ဒုတိယဆုရ အနော်ရထာအသင်း၊ တတိယဆုရ အလောင်းဘုရားအသင်း၊ အထူးဆုရ ဗန္ဓုလအသင်းနှင့်ကျန်စစ်သားအသင်းတို့အား သန်လျင်မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်မျိုးအောင်၊ သန်လျင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး ဒုတိယရဲမှူးကြီးမြင့်ဌေး၊ သန်လျင်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင် ဦးဆန်းဝင်း ၊ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူသောင်းနှင့် မိဘဆရာအသင်းကျောင်းအကျိုးဆောင်များက ဂုဏ်ပြုဆုဖလားနှင့် ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ(သန်လျင်)