ခရမ်းမြို့နယ်တွင် ဦးနှောက်အ‌မြှေးရောင်ကာကွယ်ရေး အသိပညာပေးဟောပြာပွဲ ကျင်းပ

ခရမ်း ဇူလိုင် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ပြည်သူ့ကျန်းမာရးဦးစီးဌာနမှ ဦးနှောက်အမြှေးရောင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်က အလယ်ရွာကျေးရွာတွင် ကျင်းပခဲ့သည်။

 အဆိုပါဟောပြောပွဲတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့မကျန်းမာရေးမှူး ဒေါ်ဥမ္မာဦးက ဦးနှောက်အ‌မြှေးရောင်‌ရောဂါ၏ လက္ခဏာများ၊ ဆောင်ရန်/ရှောင်ရန်များ၊ ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ ရောဂါဖြစ်ပွားပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံး သွားရောက်၍ ဆေးကုသမှုခံယူရေး စသည်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာ‌ရေးဝန်ထမ်းများက Cifran ကာကွယ်ဆေးများ တိုက်ကျွေးခြင်း၊ ဖျားနာနေသူများရှာဖွေခြင်း၊ ဦးနှောက်အမြှေးရောင်ရောဂါ ဖြစ်ပွါးမှု ရှိ/မရှိ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ခင်နှင်းဝေ