သတင်းများ

ဖြူးမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲနှင့် ပတ်သက်၍ ဌာနဆိုင်ရာများ အသိပညာ ပေးရှင်းလင်း
Jan 20,2021
ဖြူးမြို့နယ်၌ ရပ်ကွက်/ ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲနှင့် ပက်သက်၍ ကြီးကြပ်ရေးကော်မတီ (၅)ဦး တာဝန်ပေးအပ်နိုင်ရေးအတွက် ဌာနဆိုင်ရာများ အသိပညာပေးရှင်းလင်းပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ် စည်ပင်သာယာရေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်စိန်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွေး၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြတ်မင်းမောင်နှင့် ဒုတိယဦးစီး မှူးများ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။
ပင်လောင်းမြို့နယ်၌ အရန်သားဖွားဆရာမ (၆)လသင်တန်းဆင်းပွဲ ပြုလုပ်
Jan 20,2021
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ACCESS TO HALTH FUND ရန်ပုံငွေအဖွဲ့အစည်းတို့ ပူးပေါင်းဖွင့်လှစ်သော အရန်သားဖွားဆရာမ (၆)လ သင်တန်းဆင်းပွဲအခမ်းအနားကို ရှမ်းပြည်နယ် တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန အစည်းအဝေးခန်းတွင် ယနေ့နံနက်ပိုင်း က ပြုလုပ်သည်။
မတူပီမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် (Mask Campaign)လုပ်ငန်း အရှိန်အဟုန်မြှင့် ဆောင်ရွက်
Jan 20,2021
ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အတွက် (Mask Campaign) လှုပ်ရှားမှုလုပ်ငန်း အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ရာ ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်တွင် မြို့နယ်အဆင့် ကိုဗစ်−၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် မတူပီမြို့ ရှစ်လမ်းဆုံမှ စန်ဘောင်လမ်းဆုံအထိ တစ်အိမ်တက်ဆင်း အသိပညာ ပေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယခုနှစ် ဖရဲသီးထွက်ချိန်၌ စျေးကောင်းရရန်မျှော်လင့်၍ ဖရဲသီးစိုက်ပျိုးတောင်သူများ ဧကတိုးချဲ့ စိုက်ပျိုး
Jan 20,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အတွင်းရှိ မြို့နယ်ခြောက်မြို့နယ်၌ ဖရဲသီးစိုက်ပျိုးတောင်သူများ အနေဖြင့် ယခုနှစ် ဖရဲသီးရာသီ၌ ယခင်နှစ်များထက် စျေးကောင်းရရှိရန် မျှော်လင့်၍ ဧကတိုးချဲ့ စိုက်ပျိုးထားကြောင်း စိုက်ပျိုးလုပ်ကိုင်သူများထံမှ သိရသည်။
ကျုံပျော်မြို့နယ် ပြည်သူများသွားလာမှု အဆင်ပြေစေရန်အတွက် မြို့တွင်းလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်
Jan 20,2021
ပြည်သူများသွားလာမှု အဆင်ပြေစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ စည်ပင်သာယာရေး‌ ကော်မတီမှ မြို့တွင်းလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာ (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်အတွက် မြဝတီ ရပ်ကွက်ရှိ ဆေး‌ရုံဟောင်းလမ်းကို ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းအား ယမန်နေ့က ဆောင်ရွက် ပြီးစီးခဲ့ကြောင်း သိရသည်။
ကွမ်းလုံမြို့၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း နှစ်ပတ်လည်ဆန်းစစ်သုံးသပ်ခြင်းနှင့် ရန်ပုံငွေများ ပြန်လည်ထုတ်ချေးခြင်း ဆောင်ရွက်
Jan 20,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ စတင်၍ ကြူကော်ယွင်ကျေးရွာ၊ ညိုချန်ကျေးရွာ၊ မန်ဟွယ်ကျေးရွာ၊ ဟိုပုန်းကျေးရွာ ပေါင်း(၁)ယူနစ်ကို မြစိမ်းရောင်ကျေးရွာစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ နှစ်ပတ်လည်ဆန်းစစ် သုံးသပ်ဆွေးနွေးခြင်းနှင့် ရန်ပုံငွေများ ပြန်လည်ထုတ်ပေးခြင်း အစီအစဉ်ကို ယမန်နေ့မွန်းလွဲပိုင်း က ကြူကော်ယွင်ကျေးရွာ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြောင်းမြမြို့၌ အောင်ဆန်းဈေးရှိ မုန့်မျိုးစုံဈေးဆိုင်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့် ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေး
Jan 20,2021
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန် ရည်ရွယ်၍ အောင်ဆန်းဈေးအတွင်း ရောင်းချလျက်ရှိသည့် မုန့်မျိုးစုံ ဈေးဆိုင်များရှိ မုန့်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ကော့မှူး၌ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်ရေး ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်း
Jan 20,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးအသစ်များ ရွေးချယ်ခန့်အပ်နိုင်ရေး အတွက် ရပ်ကွက်ကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီက မြို့သစ်ရပ်ကွက် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ယာယီရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။