သတင်းများ

လှိုင်းဘွဲမြို့နယ် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျော့ချရေး ရန်ပုံငွေ (ပထမအကြိမ်)လုပ်ငန်းများ ရန်ပုံငွေပေးအပ်
Jan 20,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေးရန်ပုံငွေ(ပထမအကြိမ်)ဖြင့် ဆောင်ရွက် လုပ်ကိုင်ခွင့် ရရှိသော လုပ်ငန်းများအား ပထမအရစ် ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
မော်လမြိုင်မြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ စိစစ်ရွေးချယ်နိုင်ရေး ညှိနှိုင်း ဆွေးနွေးပွဲ ဆောင်ရွက်
Jan 20,2021
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ စိစစ်ရွေးချယ်ခြင်း နှင့် စပ်လျဉ်း၍ ပြင်ဆင်ထားသည့် ဥပဒေ၊ နည်းဥပဒေများ သိရှိစေရန်အတွက် ညှိနှိုင်း ဆွေးနွေးပွဲ ကို ယနေ့နံနက်၁၀နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
မင်းတပ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်
Jan 20,2021
မင်းတပ်မြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး မြို့မစျေးရှိ စျေးရောင်း/စျေးဝယ် ပြည်သူများအား "နေ့စဉ်ဘဝမှာ ခပ်ခွာခွာနေပါ" ကိုဗစ်-၁၉ရောဂါ အသိပညာပေး လက်ကမ်းစာစောင်များနှင့် Maskများ အခမဲ့ဖြန့်ဝေခြင်း ကို ယနေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
အိမ်မဲ၌ ထောက်ပံ့ပေးခဲ့သည့် ငါးသားပေါက်များ၏ ဖွံ့ဖြိုးကြီးထွားမှုအား ကွင်းဆင်းစစ်ဆေး
Jan 20,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမွေးတောင်သူများထံသို့ ထောက်ပံ့ ပေးခဲ့သည့် ငါးသားပေါက်များ၏ ဖွံ့ဖြိုးကြီးထွားမှုကို ယနေ့ မွန်းလွဲပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဟုမ္မလင်းမြို့နယ်တွင် အမျိုးသားတစ်ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
Jan 20,2021
ဇန်နဝါရီလ (၁၇) ရက်နေ့တွင် ဒီပဲယင်းမြို့နယ်မှပြန်လာသည့် အမျိုးသား(၄) ဦးသည် ဇန်နဝါရီလ (၁၈) နေ့ နံနက် (၇) နာရီတွင် ဟုမ္မလင်းမြို့နယ် နမ့်တော တိုက်နယ်ဆေးရုံသို့ ​ရောက်ရှိသတင်းပို့သဖြင့် ကျန်းမာရေး ဌာနမှ RDT Test Kite စစ်ဆေးဆောင်ရွက်ခဲ့ရာ အသက်(၄၁)နှစ် အမျိုးသားတစ်ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့ ကြောင်းသိရသည်။
အမျိုးသားတစ်ဦး အနံ့ပျောက်နေသဖြင့် RTD Test Kit ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
Jan 20,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ မိုင်းကိုင်းအုပ်စု ၊ နမ်တောကျေးရွာရှိ ရွှေဥရုမန်းကား အသင်းမှ ဂိတ်မှူး အသက် (၃၂)အရွယ် အမျိုးသားတစ်ဦးသည် အနံ့ပျောက်နေသဖြင့် ယမန်နေ့ နံနက် (၁၁)နာရီခွဲတွင် ဟုမ္မလင်း (အထက-၁) CBFQ နေရာသို့ သွားရောက်၍ RTD Test Kit ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပြီး၊ ဟုမ္မလင်း ခုတင်(၁၀၀)ဆံ့ပြည် သူ့ဆေးရုံရှိ သီးသန့်ဆောင်တွင် ပို့ဆောင်၍ ဆေးကုသမှုခံ ယူလျက်ရှိ ကြောင်းသိရသည်။
မုဒုံမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် တိုင်းရင်းဆေးအကြောင်း သိကောင်းစရာ အသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်
Jan 20,2021
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက တိုင်းရင်းဆေး အကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ပြုလုပ်သည်။
မကွေးမြို့နယ် ကန်ကြီးပြားကျေးရွာ လျှပ်စစ်မီးရရှိ၍ မီးလင်းရေးအောင်ပွဲ ကျင်းပ
Jan 20,2021
အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP Phase-1 ဖြင့် ဆောင်ရွက်ခဲ့သည့် မကွေး မြို့နယ်၊ ကန်ကြီးပြားကျေးရွာ မီးလင်းရေးအောင်ပွဲကို ဇန်နဝါရီလ ၁၉ ရက်နေ့ ညနေပိုင်းတွင် ကျင်းပ ပြုလုပ်ရာ အခမ်းအနားသို့ သယံဇာတ၊သဘာဝပတ်ဝန်းကျင်၊လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်း၊ တိုင်းဒေသကြီး အမှတ်(၂)မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ် မကွေးတိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာ ဦးထောင်းဇိုခိုင် မကွေး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်လွင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။