သတင်းများ

ကျောက်တံတားမြို့နယ်တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချူပ်ရေးမှူးများ အသစ် ပြန်လည်​ရွေးချယ်ခန့်ထားခြင်းနှင့် ပတ်သက်၍ လုပ်ငန်းစဥ်များအား ကွင်းဆင်း အသိပညာပေးခြင်းဆောင်ရွက်
Jan 21,2021
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊​ကျောက်တံတားမြို့နယ်အတွင်းရှိ ရပ်ကွက်များ အလိုက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးလုပ်ငန်း စဉ် အဆင့်ဆင့်နှင့် ပတ်သက် ၍ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေ၊နည်းဥပဒေပြင်ဆင်သည့်ဥပဒေ၊
ဇီးကုန်းမြို့နယ်တွင် ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်မှုဆိုင်ရာ အသိပညာပေးခြင်းကို ကျေးရွာ များသို့ ကွင်းဆင်းဆောင်ရွက်
Jan 21,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ရပ်ကွက်(သို့မဟုတ်)ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်မှု ဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်းကို ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် ရပ်မိရပ်ဖ ကြီးကြပ်ရေးအဖွဲ့က မော်ရကျေးရွာအုပ်စုနှင့် ရွှေကြို့ပင် ကျေးရွာအုပ်စု သို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
စျေးကွက်အတွင်း ရောင်းချနေသော စားသုံးဆီအမျိုးမျိုးတွင် ကုန်ညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ စစ်ဆေး
Jan 21,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့ စည်ပင်သာယာစျေးကြီးအတွင်း ရောင်းချနေသော စားသုံးဆီအမျိုးမျိုးတွင် ကုန်ညွှန်းအမှတ်အသား ပြည့်စုံပါဝင်ခြင်းရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ စားသုံးသူဘေးအန္တရာယ် ကင်းရှင်းစေ ရေးအတွက် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တနင်္သာရီမြို့နယ်အတွင်းရှိ Quarantine Center များ၌  အသွားအလာကန့်သတ်ထားသူများ၏ (Swab)နမူနာများ မော်လမြိုင်ဓာတ်ခွဲဌာနသို့ ဆက်လက်ပေးပို့
Jan 21,2021
            COVID-19 ကူးစက်မြန်ရောဂါကာလတွင် တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်းသို့ အလုပ်ကိစ္စဖြင့်ရောက်ရှိလာသူများနှင့် နေရပ်ပြန်လာသူဒေသခံများ အားလုံး(၅၆)ဦးအား Quarantine Center) များ၌ Community Based Facility Quarantline) အသွားအလာ ကန့်သတ် (၁၄) ရက် စောင့်ကြပ်ထားရှိပြီး ၎င်းတို့အနက် သတ်မှတ်ကာလပြည့်ပြီဖြစ်သူ(၁၅)ဦးအား  ဇန်နဝါရီလ၂၁ ရက် နံနက် ၉ နာရီခွအချိန်က နှာခေါင်းနှင့် အာခေါင်တို့ဖတ်(Swab)နမူနာ ရယူပြီး ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ အတည်ပြုစစ်ဆေးနိုင်ရန် မော်လမြိုင်ဓာတ်ခွဲဌာနသို့ ပေးပို့စစ်ဆေးသွားမည်ဖြစ်ကြောင်း မြို့နယ် ဆရာဝန်ကြီး ဒေါက်တာအောင်သိုက်ထွန်း ထံမှ သိရှိရသည်။
ကျောက်ဆည်မြို့ ပြည်တော်သာပေါင်လောင်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေကျပ်သိန်း(၃၈၀)ကျပ် တတိယ အကြိမ် ထုတ်ချေးပေး
Jan 21,2021
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပြည်တော်သာပေါင်လောင်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်း ရန်ပုံငွေရန်ပုံင ကျပ်သိန်း(၃၈၀)ကျပ်ကို တတိယအကြိမ် ထုတ်ချေးပေးခြင်းကို ယနေ့နံနက်(၁၀)နာရီက ကျေးရွာဘက်စုံ သုံးခန်းမတွင် အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ လမ်းညွှန်ထားသော ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများအတိုင်း ထုတ်ချေးပေးခဲ့ကြောင်း သိရှိရသည်။
ကော့ကရိတ်မြို့မိဂလုံကျေးရွာ ရွာတွင်းကွန်ကရစ်လမ်း ခင်းခြင်း​ဆောင်ရွက်
Jan 21,2021
ကောကရိတ်ခရိုင် ကော့ကရိတ်မြို့နယ် မိဂလုံ​ကျေးရွာတွင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အ​ကောင်အထည်​ဖော်​ဆောင်ရွက်​နေ​သော လူထုဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း)ကျေးရွာ ရွာတွင်းကွန်ကရစ် လမ်းခင်း​ဆောင်ရွက် ခြင်းလုပ်ငန်းကို ယခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့မှစ၍ကျေးရွာလူထုလုပ်အားဖြင့် စတင်အကောင်ထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်းသိရပါသည်။
ထန်တလန်မြို့နယ်၊ကြောင်ထီးယားကျေးရွာတွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြုပြင်ခြင်း သင်တန်း ဖွင့်လှစ်
Jan 21,2021
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်၊ ကြောင်ထီးယားကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မျှော်မှန်းချက်ဖြစ်သော စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်နှင့်အညီ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်ဖွံ့ဖြိုးစေရန် ရည်ရွယ်လျက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုဆိုင်ကယ် ပြုပြင်ခြင်းသင်တန်း ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် စာသင်ကျောင်းဆောင်သစ်ဆောက်လုပ်ရန်အတွက် ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပ
Jan 21,2021
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် စာသင် ကျောင်းဆောင်သစ် ဆောက်လုပ်ရန်အတွက် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်၉နာရီက အိုးဘိုရွှေကျင်ရပ်ကွက်၊ အကွက်(၄၀)ရှိ အမှတ်(၃၁) အခြေခံပညာ မူလတန်း ကျောင်း၌ ကျင်းပသည်။