စျေးကွက်အတွင်း ရောင်းချနေသော စားသုံးဆီအမျိုးမျိုးတွင် ကုန်ညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ စစ်ဆေး

ပေါက်ခေါင်း ဇန်နဝါရီ ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့ စည်ပင်သာယာစျေးကြီးအတွင်း ရောင်းချနေသော စားသုံးဆီအမျိုးမျိုးတွင် ကုန်ညွှန်း အမှတ်အသား ပြည့်စုံပါဝင်ခြင်းရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ စားသုံးသူဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် စျေးကွက်အတွင်း ရောင်းချနေသော စားသုံးဆီများတွင် ကုန်ညွှန်းအမှတ်အသားများဖြစ်သော ထုတ်လုပ်သည့်ရက်စွဲ၊ ကုန်ဆုံးရက်စွဲ၊ FDA ထောက်ခံချက်အမှတ်အသားနှင့် ဆက်သွယ်ရန် လိပ်စာအပြည့်အစုံ ပါရှိခြင်းရှိ/မရှိကို ကွင်းဆင်းစစ်ဆေး၍ ကျန်းမာရေးအသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)