သတင်းများ

ဒေါ့ဖုန်းယန်၊ ဒိန်ဂါယန်ကျေးရွာ၏ ရပ်ရွာအခြေပြု ကျေးရွာတွင်း မြေသားလမ်းဖွင့်လှစ်ခြင်း ဆောင်ရွက်
Jan 22,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့၊ ဒိန်ဂါယန်ကျေးရွာအုပ်စု၊ ဒိန်ဂါယန်ကျေးရွာအတွင်းရှိ မြေသားလမ်း ပြုပြင်ဆောင်ရွက် ဖွင့်လှစ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ဒိန်ဂါယန်ကျေးရွာ လမ်းမုခ်ဦးတွင် ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့သည်။
ကော့သောင်းခရိုင်မီးသတ်တပ်ဖွဲ့ မှဘုရားပရဝုဏ်အတွင်း စုပေါင်းသန့်ရှင်းရေးလုပ်အားဒါနပြု
Jan 22,2021
ကော့သောင်းခရိုင် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များ စုပေါင်းကာ ယနေ့နံနက်ပိုင်း က ကော့သောင်းမြို့ ၊ သီရိမြိုင်ရပ်ကွက်၊ မြို့ဦးစေတီတော်ဘုရားပရဝုဒ်နှင့် ရင်ပြင်တော်အတွင်း သန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်ဒါန ပြုခဲ့ကြကြောင်းသိရသည်။
ပေါက်ခေါင်းမြို့၌ မီးဘေးအန္တရာယ် ကင်းဝေးစေရေး မီးသတ်ယာဉ်ဖြင့် လှည့်လည်အသိပေးနှိုးဆော်
Jan 22,2021
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ ပြည်သူများအား မီးဘေးအန္တရာယ် ကင်းဝေးစေရေးနှင့် မီးဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်ဆောင်ရွက်နိုင်ရေးအတွက် သတိပြုလိုက်နာရမည့် စည်းကမ်းချက်များအား အသိပညာပေးခြင်း လုပ်ငန်းများကို မြို့နယ်အတွင်းသို့ မီးသတ်ယာဉ်များ ဖြင့် သတ်မှတ်ရက်အတိုင်း လှည့်လည်ဆောင်ရွက်လျက်ရှိ ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
လသာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask & Face Shield Yellow Campaign ပြုလုပ်
Jan 22,2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် အသိပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာတွင် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ရန်ကုန် အနောက်ပိုင်းခရိုင်၊ လသာမြို့နယ် အမှတ်(၄) ရပ်ကွက်နှင့် အမှတ်(၇) မဟာဗန္ဓုလလမ်း ဘက်(စ်) ကားမှတ်တိုင်များတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် ပြုပြင်ပြောင်းလဲ ဆက်သွယ်ပညာ ပေး လူထု လှုပ်ရှားမှု (Mask& Face Shield Yellow Campaign) ကို ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ခိုင်ကမ်းမြို့၌ ညမထွက်ရအမိန့် ကာလထပ်မံတိုးမြှင့်
Jan 22,2021
တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့တွင် မြို့နေမိဘပြည်သူများ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရမှု မရှိစေရေး မြို့အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ယမန်နေ့တွင် တီးတိန်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၁)အရ ညမထွက်ရအမိန့်ကို ထပ်မံတိုးမြှင့်လိုက်ကြောင်း သိရသည်။
လောင်းလုံးမြို့နယ်၊ နခံတောကျေးရွာတွင် ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်​ဆေးဆောင်ရွက်
Jan 22,2021
တနင်္သာရီတိုင်း ဒေသကြီး ၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင်ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေး အန္တရာယ် လျော့နည်း စေရန်ရည်ရွယ်ပြီးမီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးကွင်းဆင်း စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းမှစ၍ လောင်းလုံး မြို့နယ်၊နခံတောကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှားတောမြို့၌ မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့
Jan 22,2021
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်တွင် မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ် နှင့်အထက် ဘိုးဘွားများ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပထမ(၃)လပတ် လူမှုရေးပင်စင်များကို ယနေ့ နံနက်ပိုင်းက အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ခဲ့သည်။