တနင်္သာရီ၊ ဇန်နဝါရီလ ၂၁
COVID-19 ကူးစက်မြန်ရောဂါကာလတွင် တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်းသို့ အလုပ်ကိစ္စဖြင့်ရောက်ရှိလာသူများနှင့် နေရပ်ပြန်လာသူဒေသခံများ အားလုံး(၅၆)ဦးအား Quarantine Center) များ၌ Community Based Facility Quarantline) အသွားအလာ ကန့်သတ် (၁၄) ရက် စောင့်ကြပ်ထားရှိပြီး ၎င်းတို့အနက် သတ်မှတ်ကာလပြည့်ပြီဖြစ်သူ(၁၅)ဦးအား ဇန်နဝါရီလ၂၁ ရက် နံနက် ၉ နာရီခွအချိန်က နှာခေါင်းနှင့် အာခေါင်တို့ဖတ်(Swab)နမူနာ ရယူပြီး ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ အတည်ပြုစစ်ဆေးနိုင်ရန် မော်လမြိုင်ဓာတ်ခွဲဌာနသို့ ပေးပို့စစ်ဆေးသွားမည်ဖြစ်ကြောင်း မြို့နယ် ဆရာဝန်ကြီး ဒေါက်တာအောင်သိုက်ထွန်း ထံမှ သိရှိရသည်။
တနင်္သာရီခန်းမ Quarantine Center တွင် (၈)ဦး၊ အထက-တနင်္သာရီကျောင်းတွင် (၃၃)ဦး၊ အထက-တကူ ကျောင်း၌ (၂)ဦး၊ အလက-သိန်ခွန်းကျောင်းမှာ (၉)ဦး၊ မိခင်နှင်ကလေးရုံးဟောင်း၌ (၂)ဦးနှင့် ပြည်သူ့ဆေးရုံကြပ်မတ်ကုသဆောင်တွင် ပိုးတွေ့အတည်ပြုသူ(၂)ဦး စုစုပေါင်း(၅၆)ဦးကို အသွားအလာကန့်သတ် စောင့်ကြပ်ပေးလျက်ရှိကြောင်း၊ ၎င်းတို့ထဲတွင် သတ်မှတ်ကာလပြည့်သည့်
အထက-တနင်္သာရီ မှ ကျား(၂)ဦး၊ အထက-တကူ မှ(ကျား၁ဦး+မ၁ဦး)၊ အလက-သိန်ခွန်းမှ ကျား ၂ ဦး + မ ၇ ဦး)၊ မိခင်နှင့်ကလေးရုံးဟောင်းမှ ကျား(၂)ဦး၊ စုစုပေါင်း(၁၅)ဦးတို့၏ နာခေါင်းတို့ဖတ် အာခေါင်တို့ ဖတ် (Swab)နမူနာများကို ကျန်းမာရေးဌာန ဆရာမများက အဖွဲ့ခွဲ၍ သွားရောက်ရယူကာ၊ မော်လမြိုင်ဓာတ်ခွဲ ဌာနသို့ ဆက်လက်ပို့ပေးစစ်ဆေးပေးမည်ဖြစ်ရာ ၎င်းအဖြေရရှိသည်အထိ ဆက်လက်စောင့်ကြပ် ထားရှိမည်ဖြစ်ကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)