ကော့ကရိတ် ဇန်နဝါရီ ၂၁
ကောကရိတ်ခရိုင် ကော့ကရိတ်မြို့နယ် မိဂလုံကျေးရွာတွင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော လူထုဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း)ကျေးရွာ ရွာတွင်းကွန်ကရစ် လမ်းခင်းဆောင်ရွက် ခြင်းလုပ်ငန်းကို ယခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့မှစ၍ကျေးရွာလူထုလုပ်အားဖြင့် စတင်အကောင်ထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်းသိရပါသည်။
အဆိုပါကွန်ကရစ်လမ်းသည် လူထုဗဟိုပြုစီမံကိန်းထောက်ပံ့ငွေကျပ် (၂၅၆)သိန်းဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး အတိုင်းအတာအားဖြင့် (အရှည် ၁၆၀၀ ပေ x အကျယ် ၁၂ ပေ x ထု ၆ လက်မ) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရာနှုန်းပြည့်ပြီးစီးသွားပါက ကျေးရွာမှ အိမ်ထောင်စု (၅၂၁)စု၊ လူဦးရေ (၂၆၀၉)ဦးတို့၏ ပညာရေး၊ကျန်းမာရေး၊ စီပွားရေး၊ လူမှုရေးများအတွက် အဆင်ပြေကောင်းမွန်စွာ သွားလာ နိုင်မည်ဖြစ်ကြောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှသိရှိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)