မန္တလေး ဇန်နဝါရီ ၂၁
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် စာသင် ကျောင်းဆောင်သစ် ဆောက်လုပ်ရန်အတွက် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်၉နာရီက အိုးဘိုရွှေကျင်ရပ်ကွက်၊ အကွက်(၄၀)ရှိ အမှတ်(၃၁) အခြေခံပညာ မူလတန်း ကျောင်း၌ ကျင်းပသည်။
ပန္နက်တင်မင်္ဂလာပြုလုပ်ရာသို့ မြို့နယ်ပညာရေးမှူးဒေါက်တာ စမ်းပပကျော်၊လက်ထောက်ပညာရေးမှူး ဦးမင်းသူ၊ ကျောင်းအုပ် ဆရာမကြီး ဒေါ်နုနုဝင်းနှင့်ပညာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးအောင်ဆန်း၊ ကျောင်းအကျိုးတော်ဆောင် အဖွဲ့များ၊ တာဝန်ယူဆောက်လုပ်မည့် AERIEL MANDALAY CO.LTD မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ပန္နက်တင်မင်္ဂလာ အခမ်းအနားကို အောင်မြေသာစံမြို့နယ် ပညာရေးမှူး ဒေါက်တာစမ်းပပကျော်နှင့် တာဝန်ရှိ သူများက သတ်မှတ် နေရာအလိုက် ပန္နက်တိုင်များရိုက်နှက်၍ အမွှေးနံ့သာရည်များ ပက်ဖျန်း ပေးကြသည်။
အဆိုပါ အသစ်ဆောက်လုပ်မည့် ကျောင်းဆောင်သစ်မှာအလျား(၉၀)ပေ၊ အနံ(၃၀)ပေ၊ RCနှစ်ထပ် ကျောင်းဆောင်ဖြစ်ပြီး ၂၀၂၀-၂၀၂၁ဘဏ္ဍာရေး နှစ်ပညာရေးခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)