ထန်တလန်မြို့နယ်၊ကြောင်ထီးယားကျေးရွာတွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြုပြင်ခြင်း သင်တန်း ဖွင့်လှစ်

ထန်တလန်      ဇန်နဝါရီ        ၂၁

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်၊ ကြောင်ထီးယားကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မျှော်မှန်းချက်ဖြစ်သော စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်နှင့်အညီ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်ဖွံ့ဖြိုးစေရန် ရည်ရွယ်လျက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုဆိုင်ကယ် ပြုပြင်ခြင်းသင်တန်း ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

အဆိုပါ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုဆိုင်ကယ်ပြုပြင်ခြင်း သင်တန်းဖွင့်လှစ် ရာတွင် ဇန်နဝါရီ ၁၈ရက်မှစ၍ ၃၁ ရက်နေ့အထိ  ၁၄ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ကာ  သင်တန်းသား (၃၀)ဦးသင်ကြား‌ပေးသွားမည်ဖြစ်ပြီး အသက်မွေးဝမ်းကျောင်း အထောက် အကူပြု သင်တန်းကို  ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် ်မိသားစုအပိုဝင်ငွေရရှိစေရန်အတွက် ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ထန်တလန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)