ကျောက်ဆည်မြို့ ပြည်တော်သာပေါင်လောင်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေကျပ်သိန်း(၃၈၀)ကျပ် တတိယ အကြိမ် ထုတ်ချေးပေး

ကျောက်ဆည်  ဇန်နဝါရီ  ၂၁

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပြည်တော်သာပေါင်လောင်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်း ရန်ပုံငွေရန်ပုံင ကျပ်သိန်း(၃၈၀)ကျပ်ကို တတိယအကြိမ် ထုတ်ချေးပေးခြင်းကို ယနေ့နံနက်(၁၀)နာရီက ကျေးရွာဘက်စုံ သုံးခန်းမတွင် အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ လမ်းညွှန်ထားသော ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများအတိုင်း ထုတ်ချေးပေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ထုတ်ချေးပေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ထိုက်ထိုက်စိုးနှင့် ဝန်ထမ်းများက စိုက်ပျိုးရေးလုပ်ကိုင်သူ (၁၃)ဦး အတွက် ငွေကျပ်(၃၈)သိန်း၊ မွေးမြူးရေး လုပ်ကိုင်သူ (၁၂၇)ဦးအတွက် ငွေကျပ်(၂၇၇)သိန်း၊ အရောင်းအဝယ်လုပ်ကိုင်သူ (၂၁)ဦးအတွက် ငွေကျပ်(၅၇)သိန်း ငါးသောင်းကျပ်၊ အသက်မွေးဝမ်းကျောင်းလုပ်ကိုင်သူ (၃)ဦး အတွက် ငွေကျပ် (၇)သိန်း ငါးသောင်းကျပ်၊ စုစုပေါင်း လူဦးရေ (၁၆၄)ဦး၊ချေးငွေကျပ်သိန်း(၃၈၀) ထုတ်ချေးပေးခဲ့ကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်တွင် ပြည်တော်သာပေါင်လောင်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေများကို ၂၀၁၈/၂၀၁၉  ဘဏ္ဍာနှစ်တွင်  စတင်ထုတ်ချေးပေးခဲ့ပြီး ယခုထုတ်ချေးပေးခြင်းသည် တတိယအကြိမ် ထုတ်ချေးပေးခြင စ်ကြောင်း သိရှိရသည်။

သက်မောင် (ကျောက်ဆည်)