သတင်းများ

မတ္တရာမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ရှိသူနှင့် ထိစပ်ခဲ့သူများနှင့် အနံ့ပျောက်သူ တစ်ဦးတို့အားစစ်ဆေး ၈ ဦး၌ ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ရှိ
Jan 12,2021
ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့ အမှတ် (၃) ရပ်ကွက်မှ ကိုဗစ် - ၁၉ ရောဂါ အတည်ပြုလူနာနှင့် ထိစပ်ခဲ့သူ (၁၆) ဦးနှင့် အနံ့ပျောက်နေသူ အမျိုးသမီးတစ်ဦးတို့အား ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးရာ ထိစပ်ခဲ့သူ(၆)ဦးနှင့် အနံ့ပျောက်နေသူ (၁) ဦးတို့တွင် ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
သာစည်မြို့နယ်တွင် ငလျင်ဘေးအန္တရာယ်ကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်
Jan 12,2021
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ငလျင်ဘေးအန္တရာယ် ကျရောက်ပါက ကယ်ဆယ်ရေးလုပ်ငန်းများ လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေး အားကောင်းစေရန် ဇာတ်တိုက်လေ့ကျင့်ခြင်း သရုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါ ဦးစီးဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
(၇၄) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jan 12,2021
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျရောက်မည့်(၇၄) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
နတ်တလင်းမြို့တွင် "အပြင်ထွက်လျှင် Mask တပ်ပါ" Campaign ပြုလုပ်
Jan 12,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် လူစည်ကားရာ မြို့မစည်ပင်သာယာစျေးကြီး ထောင့်လေးဒေါင့်တွင် အပြင်ထွက်လျှင် Mask တပ်ပါဟု စာတန်းများ ချိတ်ဆွဲထားသော PPE ဝတ် အရုပ်လေးရုပ်အား ချိတ်ဆွဲပြုလုပ်ခြင်းကို ယနေ့နံနက် ၇နာရီက ပြုလုပ်ခဲ့သည်။ အဓိကရည်ရွယ်ချက်မှာ ပြည်သူများ စည်းကမ်းလိုက်နာ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ လိုက်နာရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ညောင်လေးပင်မြို့နယ်တွင် နွေစပါးကို မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုး
Jan 12,2021
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်တွင် နွေစပါးကို စတင်စိုက်ပျိုးလျက်ရှိရာ ယန်မန်နေ့ နံနက်ပိုင်းက စမ်းချောင်းကျေးရွာ ဦးစိန်လွင်လယ်ကွင်း၌ မြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာနမှ မျိုးစေ့ချ ကိရိယာဖြင့် စိုက်ပျိုး‌ပေးခဲ့ကြောင်း သိရသည်။
ဗန်းမောက်မြို့နယ် မံအင်မင်းကုန်းကျေးရွာအုပ်စုအတွင်းရှိ ဆက်သွယ်ထားသော လမ်းပိုင်းပြုပြင်ခြင်း လုပ်ငန်းအား ကွင်းဆင်းစစ်ဆေး
Jan 12,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် မံအင်မင်းကုန်းကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာချင်းဆက် လမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်စေရန်နှင့် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားကူးသန်း ရောင်းဝယ် ရေးတို့ လွယ်ကူကောင်းမွန်နိုင်စေရန်အတွက် လမ်းပိုင်းပျက်စီး နေမှုများအား ပြုပြင်ဆောင်ရွက်ခြင်း လုပ်ငန်းကို ယမန်နေ့က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရ သည်။
မဟာအောင်မြေမြို့နယ်တွင် ဆောက်လက်စ သုံးထပ်တိုက် ငြမ်းထောက်ဖြုတ်ရာမှ အရှိန်လွန်ကာ ပြုတ်ကျမှုဖြစ်ပွား၊ ဒဏ်ရာပြင်းထန်စွာရရှိ
Jan 12,2021
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သံလျှက်မော်အရှေ့ရပ်ကွက် အကွက် (၄၀၅)၊ လမ်း ၉၀၊ ၄၁×၄၂ လမ်းကြားရှိ ဆောက်လက်စ သုံးထပ်တိုက်တွင် ငြမ်းထောက်အဖြစ် ထောက်ထားသော မျှောတိုင်များအား ဖြုတ်ရာ ယနေ့နံနက် (၁၀) နာရီ ခွဲအချိန်ခန့်က အလုပ်သမားတစ်ဦး အရှိန်လွန်ကာ ပြုတ်ကျမှုဖြစ်ပွားမှုကြောင့် မန္တလေးပြည်သူ့ဆေးရုံးကြီးသို့ ပို့ဆောင်ပေးခဲ့ရ ကြောင်း သိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၌ ယာဉ်မဆင်မခြင် မောင်းနှင်မှု‌ကြောင့် ယာဉ်တိုက်မှုဖြစ်ပွား
Jan 12,2021
ရန်ကုန်အရှေ့‌ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ အမှတ်(၇၉)ရပ်ကွက်၊ ပဲခူးမြစ်လမ်းမကြီးပေါ် တွင် ယမန်နေ့ နံနက်(၉) နာရီ(၁၅)မိနစ်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။