ညောင်လေးပင် ဇန်နဝါရီ ၁၂
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်တွင် နွေစပါးကို စတင်စိုက်ပျိုးလျက်ရှိရာ ယန်မန်နေ့ နံနက်ပိုင်းက စမ်းချောင်းကျေးရွာ ဦးစိန်လွင် လယ်ကွင်း၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့ချ ကိရိယာဖြင့် စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
နွေစပါးကို မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးရာတွင် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်၊ နယ်မြေတာဝန်ခံ၊ စိုက်ပျိုးရေးဆိုင်ရာ လူထု အခြေပြု လေ့လာမှုစခန်းတာဝန်ခံနှင့် ကွင်းဝန်ထမ်းများ က မျိုးစေ့ချကိရိယာဖြင့် ရက် ၉၀ စပါးမျိုးအား ဦးစိန်လွင်၏ လယ်ငါးဧကပေါ်တွင် စိုက်ပျိုး ပေးခဲ့ ကြသည်။
ညောင်လေးပင်မြို့နယ်တွင် နွေစပါးကို ၂၉၀၃ ဧက စိုက်ပျိုးရန် လျာထားပြီး ယနေ့အထိ ဧက ၃၀၀ ကျော်အား စိုက်ပျိုးပြီးဖြစ်ကာ ပျိုးသက်နု ကောက်ကွက်ကျဲ(SRI)၊ ဘောင်ပျိုး၊ ကောက်စိုက်စက်နှင့် မျိုးစေ့ချ ကိရိယာစိုက်နည်းစနစ်များဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သက်လွင် (ညောင်လေးပင်)