ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၌ ယာဉ်မဆင်မခြင် မောင်းနှင်မှု‌ကြောင့် ယာဉ်တိုက်မှုဖြစ်ပွား

ဒဂုံ(ဆိပ်ကမ်း) ဇန်နဝါရီ ၁၂

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ အမှတ်(၇၉)ရပ်ကွက်၊ ပဲခူးမြစ်လမ်းမကြီးပေါ်တွင် ယမန်နေ့ နံနက်() နာရီ(၁၅) မိနစ်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပဲခူးမြစ်လမ်းမအတိုင်း ရတနာလမ်းဘက်မှ ကုလားဝဲတံတားဘက်သို့ မောင်းနှင်လာသည့် ISUZU အမျိုးအစား အဖြူရောင် မော်တော် ယာဉ်သည် ပဲခူးမြစ်လမ်းနှင့် ပုဏ္ဏမီလမ်းဆုံ အနီး အရောက် တွင် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ပြောင်းပြန်ရောက်ရှိကာ မျက်နှာ ချင်းဆိုင်ဘက်မှ မောင်းနှင်လာသည့် ISUZU အမျိုးအစား အစိမ်းရောင် မော်တော်ယာဉ်အား တိုက်မိခဲ့ကြောင်း၊ ယဉ်တိုက်မှုကြောင့် ယာဉ် နှစ်စီးစလုံး ပျက်စီးသွားကြောင်းနှင့် ယာဉ်မဆင်မခြင် မောင်းနှင်သူအား ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်မြို့မ ရဲစခန်းမှ စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

နန်းရွှေကြည်(ပြန်/ဆက်)