နတ်တလင်း ဇန်နဝါရီ ၁၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် လူစည်ကားရာ မြို့မစည်ပင်သာယာစျေးကြီး ထောင့်လေးဒေါင့်တွင် အပြင်ထွက် လျှင် Mask တပ်ပါဟု စာတန်းများ ချိတ်ဆွဲထားသော PPE ဝတ် အရုပ်လေးရုပ်အား ချိတ်ဆွဲပြုလုပ်ခြင်းကို ယနေ့နံနက် ၇နာရီက ပြုလုပ်ခဲ့ သည်။ အဓိကရည်ရွယ်ချက်မှာ ပြည်သူများ စည်းကမ်းလိုက်နာ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ လိုက်နာရန် အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ Campaign ပြုလုပ်ခြင်းတွင် မြို့မိမြို့ဖများ၊ သုခကာရီသွေး၊ အောက်ဆီဂျင် လူနာတင်ယာဉ်နှင့် (၂၄)နာရီ လူမှုကူညီကယ်ဆယ်ရေး အသင်း မှ Volunteer များ ပူးပေါင်း၍ ပညာပေးလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထားထားဦး(နတ်တလင်း)