မတ္တရာ ဇန်နဝါရီ ၁၂
ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့ အမှတ် (၃) ရပ်ကွက်မှ ကိုဗစ် - ၁၉ ရောဂါ အတည်ပြုလူနာနှင့် ထိစပ်ခဲ့သူ (၁၆) ဦးနှင့် အနံ့ပျောက်နေသူ အမျိုးသမီးတစ်ဦးတို့အား ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးရာ ထိစပ်ခဲ့သူ(၆)ဦးနှင့် အနံ့ပျောက်နေသူ (၁) ဦးတို့တွင် ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါတွေ့ရှိခဲ့သူများမှာ အသက်(၃၀)နှစ်ရှိ အမျိုးသားတစ်ဦး၊ အသက်(၂၂) နှစ်ရှိ အမျိုးသားတစ်ဦး၊ အသက်(၂၀)နှစ်ရှိ အမျိုးသားတစ်ဦးနှင့် မိန်းကလေးငယ်(၃)ဦး၊ အနံ့မရရှိသူ ဥပဒေရုံးမှ အသက်(၃၁)နှစ်ရှိ အမျိုးသမီးတစ်ဦးတို့ ဖြစ်သည်။ ဥပဒေရုံးမှ ရောဂါပိုး တွေ့ရှိသူနှင့် ထိတွေ့ခဲ့သည့် ဌာနဆိုင်ရာများမှ ထိစပ်ခဲ့သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ ဆက်လက်စစ်ဆေးခဲ့ရာ ဥပဒေရုံးမှ အသက်(၂၄) နှစ်ရှိ အမျိုးသမီးတစ်ဦးတွင် ရောဂါပိုး တွေ့ရှိ ခဲ့ရပြီး အခြားဌာနဆိုင်ရာမှ ထိတွေ့သူများမှာ ရောဂါပိုးမတွေ့ရှိရကြောင်း သိရသည်။ ရောဂါပိုး တွေ့ရှိခဲ့သူများအား မတ္တရာမြို့ ပြည်သူ့ဆေးရုံတွင် ထားရှိကုသပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရောဂါပိုးတွေ့ရှိခဲ့သူများနှင့် ထိစပ်ခဲ့သူများကို နေအိမ်အသီးသီးတွင် အသွားအလာ ကန့်သတ်ထားရှိပြီး စောင့်ကြပ်ကြည့်ရှု သွားမည် ဖြစ်ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)