သတင်းများ

အင်းစိန်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jan 14,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ယမန်နေ့ နံနက်(၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
လွိုင်ကော်မြို့၌ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရေး ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းနိုင်ရန် ဌာနဆိုင်ရာများအားတာဝန်ပေးအပ်
Jan 14,2021
ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ လာမည့်အစိုးရသက်တမ်းတွင် တာဝန်ထမ်းဆောင်နိုင်ရန် အတွက် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရေး သက်ဆိုင်ရာ ရပ်ကွက် (သို့မဟုတ်) ကျေးရွာ အုပ်စုအတွင်း နေထိုင်သူများအား ရွေးချယ်ထားသော ရပ်မိရပ်ဖ(၅)ဦး ပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းနိုင်ရန် ဌာနဆိုင်ရာတာဝန်ရှိသူများအား တာဝန်ပေးအပ်ခြင်း ကို ယမန်နေ့ ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
မြောင်းမြမြို့၌ (ရွှေတိဂုံစေတီပုံတူ) မဟာအတုလမြတ်ဗုဒ္ဓစွမ်းအား စေတီတော်မြတ်ကြီး ပန္နက်တော်တင် မင်္ဂလာ အခမ်းအနားကျင်းပ
Jan 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ရှုခင်းသာကျေးရွာ၊ ပဋိပတ္တိစွမ်းအား တောရဓမ္မရိပ်သာ ကျောင်းဝန်း၌ တည်ထားကိုးကွယ်မည့် (ရွှေတိဂုံစေတီပုံတူ) မဟာအတုလ မြတ်ဗုဒ္ဓစွမ်းအား စေတီတော်မြတ်ကြီး ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၇ နာရီအချိန်က ပဋိပတ္တိစွမ်းအား တောရဓမ္မရိပ်သာကျောင်း စေတီတော် ပရဝုဏ်အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
မြစ်ကြီးနားမြို့၌ ဝါယာကြိုး အပူလွန်ကဲရာမှ လူနေအိမ် (၁)လုံး မီးလောင်မှုဖြစ်ပွား
Jan 14,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်နယ်မြေ (၁၃) ၌ ယနေ့နံနက် ၅ နာရီခန့်တွင် ပလပ်ပေါက် ဝါယာကြိုး အပူလွန်ကဲရာမှ လူနေအိမ် (၁)လုံး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသည်။
မြောက်ဥက္ကလာပမြိုနယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ လူဦးရေထူထပ်သော နေရာများတွင် ကိုဗစ်-၁၉ ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်
Jan 14,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူဦးရေမှာ ယနေ့အထိ (၅၈၀၁) ဦးရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များက အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ ၄ နာရီက ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ (ဌ)ရပ်ကွက်တွင် ကိုဗစ်-၁၉ ကာကွယ်ရေးအသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စံပြကျေးရွာ (၁၇)ရွာသို့ စွမ်းအားမြှင့်မီးဖို(၂၅၃၉)လုံးကျော်ဖြန့် ဝေပေးပြီးဖြစ်
Jan 14,2021
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အပူပိုင်းဇုန်အတွင်းသို့ ကျရောက်လျက်ရှိသော မြို့နယ်(၁၇) မြို့နယ်ရှိ ကျေးရွာ(၁၇)ရွာသို့ ထင်းလောင်စာ လျော့ချသုံးစွဲနိုင်ရေး စွမ်းအားမြှင့်မီးဖို (၂၅၃၉) လုံးအားဖြန့်ဝေ ပေးထား ပြီးဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အပူပိုင်းဒေသ စိမ်းလန်း စိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဘလွင်ဦး ထံမှ သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်
Jan 14,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ (၃၆)ရပ်ကွက်၊ သာသနာ့ရက္ခိတ ဓမ္မာရုံတွင် မွေးစမှတစ်နှစ်ခွဲအထိ ကလေးငယ်များအား ယနေ့နံနက် (၉:၀၀)နာရီက မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက ပုံမှန်ကာကွယ် ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆောင်းမြေပဲနှင့်နွေစပါးစိုက်ခင်းများစိုက်စနစ်မှန်ကန်ရေး ကွင်းဆင်းဆောင်ရွက်
Jan 14,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ကောလင်းမြို့နယ်ဥက္ကံကျေးရွာမှာဆောင်းမြေပဲစံပြကွက်နဲ့နွေစပါးစိုက်စနစ်မှန်ကန်ရေးနှင့် ပိုးမွှားကင်းထောက်မှတ်တမ်းကောက်ယူခြင်း ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က ဆောင် ရွက်ခဲ့ကြောင်းသိရသည်။