သံဖြူဇရပ် ဇန်နဝါရီ ၁၅
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့တွင် မွန်ပြည်နယ် ကြက်ခြေနီအသင်းနှင့် သံဖြူဇရပ် မြို့နယ် ကြက်ခြေနီအသင်းတို့ ကြီးမှူးဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း ၁/၂၀၂၁ဆင်းပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင် ခန်းမ၌ ဇန်နဝါရီ၁၄ရက်နံနက်၁၀နာရီကကျင်းပသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွဋ်က သင်တန်းဆင်းအမှာစကား ပြောကြားပြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြတ်သီတာထွန်းကသင်တန်း ဖွင့်လှစ်နိုင်ခြင်းအပေါ်ဂုဏ်ပြုအမှာစကားပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဗဟိုကောင်စီဝင်၊ မွန်ပြည်နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ ပြည်နယ်တပ်ဖွဲ့မှူး ဦးကျော်မြင့်က မြန်မာနိုင်ငံကြက်ခြေနီ အသင်းဖွဲ့စည်းပုံနှင့် နိုင်ငံတကာကြက်ခြေနီအသင်းနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ သဘာဝဘေးဖြစ်စဉ်များနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးတွင် ကြက်ခြေနီ တပ်ဖွဲ့ဝင်များမှ ပါဝင်ဆောင်ရွက်မှုများကိုဂုဏ်ပြုပြောကြားပြီး သံဖြူဇရပ်မြို့နယ် ကြက်ခြေနီအသင်းခွဲ ဒုဥက္ကဌဦးခိုင်စိုးက မြို့နယ်ကြက်ခြေနီအဖွဲ့မှ လူမှုကူညီရေး လုပ်ငန်းများဆောင်ရွက်မှုကိုအသိပေးပြောကြားသည်။
ထို့နောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြတ်သီတာထွန်းက သံဖြူဇရပ် မြို့နယ်နှင့် ကျိုက္ခမီမြို့ကြက်ခြေနီတပ်ဖွဲ့အတွက် ရန်ပုံငွေကိုထောက်ပံ့ လှူဒါန်းပေး အပ်သည်။ ဆက်လက်၍ သင်တန်းထူးချွန်ဆုများကို မြို့နယ်အုပ်ချုပ်ရေးမှူး၊ အမျိုး သား လွှတ်တော်ကိုယ်စားလှယ် မွန်ပြည်နယ် ကြက်ခြေနီသူနာ ပြုတပ်ဖွဲ့မှူး ဦးကျော်မြင့်နှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌ ဒေါက်တာမင်းကံဌေး တို့မှပေး အပ်ပြီး သင်တန်းဆင်းလက်မှတ်များကို မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး
ဦးစိုးမင်း က ပေးအပ်သည်။
ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း ၁/၂၀၂၁အား သံဖြူဇရပ်မြို့တွင် ဇန်နဝါရီ ၂ရက်မှ ၄ရက်နေ့အထိဖွင့်လှစ်သင်ကြားပေးခဲ့ပြီးသင်တန်းသို့မြို့နယ်အတွင်းရပ်ကွက်/ ကျေးရွာ များမှလူမှုကူညီရေးအသင်းအဖွဲ့ဝင်များ အပါအဝင် သင်တန်းသား၊ သင်တန်းသူ(၂၈)ဦး တက်ရောက်ခဲ့ကြောင်း မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးစိုးမင်းထံမှသိရသည်။
အေးအေးသီ(ပြန်/ဆက်)