မကွေး ဇန်နဝါရီ ၁၅
မကွေးတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန၏ Stop COVID အဝါရောင် အသိပညာပေး လှုပ်ရှား မှု တစ်ရပ်ကို တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာသောင်းလှိုင် ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ဇန်နဝါရီလ ၁၄ ရက်နေ့ မွန်းလွဲပိုင်း က တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနရုံးရှေ့၌ ဆောင်ရွက်ခဲ့ကြသည်။
ကျန်းမာရေးဝန်ထမ်းတွေ ပင်ပန်းပေမဲ့ မရပ်တန့်နိုင်ကြပါဘူး COVID ရပ်သွားအောင် ကြိုးစား နေကြပါတယ်၊ သင်တို့အနေနဲ့လည်း အဝါရောင်လှုပ်ရှားမှုမှာ ပါဝင်ပြီး အချင်းချင်းအသိပေး သတိပေးကြပါ၊ Maskတပ်ပါ၊ လက်ဆေးပါ၊ ခပ်ခွာခွာနေပါ၊ တစ်ဦးကိုယ်တစ်ဦး အသိ ပေးပါ၊သတိပေးပါ၊ STOP COVID-19 အဝါရောင် အသိပညာပေး အစီအစဉ်အရ နှာခေါင်းစည်း တပ်ဆင်သွားလာခြင်းကို အထူး အလေ့အကျင့်ကောင်း တစ်ခုအဖြစ် ရေရှည် လုပ်ဆောင် ကြရမှာပါ၊ လူတိုင်းက အသိ၊ သတိ ရှိစွာ လိုက်နာဆောင်ရွက်ခြင်းနဲ့အတူ ပူးပေါင်းတိုက်ဖျက် ဆောင်ရွက်သွားကြရမှာဖြစ်တယ်လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာန မှူး ဒေါက်တာသောင်းလှိုင်က ပြောသည်။
အဆိုပါ STOP COVID-19 အဝါရောင် အသိပညာပေး Campaign မှာ တိုင်းဒေသကြီး အတွင်းရှိ ပြည်သူများ အနေဖြင့် ကပ်ရောဂါနှင့် ပတ်သက်၍ သတိမှုပြီး စည်းကမ်းများ လိုက်နာ ကြစေရန်အတွက် အသိပေးသည့် အစီအစဉ်ဖြစ်ပြီး၊ ပြည်သူများအနေဖြင့် နှာခေါင်းစည်းများ မဖြစ်မနေ တပ်ဆင်သွားလာကြရန်၊ လက်ဆေးခြင်း အလေ့အကျင့်ကောင်းများ ဆောင်ရွက် ကြရန်၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန်တို့ကို အသိပညာပေးခြင်းဖြစ်သည်။
သန်းနိုင်ဦး(ငဖဲ)